လူမှုအကျိုးပြု လုပ်ငန်းများတွင် ကြိုးပမ်းခဲ့သည့် မြန်မာနှင့် အိန္ဒိယအသိုင်းအဝိုင်းမှ (၈၃)ဦးကို အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓငြိမ်းချမ်းရေး ဆုများချီးမြှင့်

0
119

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓငြိမ်းချမ်းရေးဆုချီးမြှ င့်ပွဲ (International Buddha Peace Award) အခမ်းအနားကို မြန်မာသံရုံး၊ နယူးဒေလီမြို့၌ ကျင်းပရာ လူမှုအကျိုးပြု လုပ်ငန်းများတွင် စွမ်းစွမ်းတမံ ကြိုးပမ်းခဲ့သည့် မြန်မာနှင့် အိန္ဒိယ အသိုင်းအဝိုင်းမှ ဂုဏ်ပြုထိုက်သူ (၈၃)ဦးကို ဆုများချီးမြှင့်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

Maitry Peace Foundation က ပေးအပ်သည့် ၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓငြိမ်းချမ်းရေးဆုချီးမြှင့်ပွဲ (International Buddha Peace Award) အခမ်းအနားကို မြန်မာသံ ရုံး၊ နယူးဒေလီမြို့၌ ဖေဖော်ဝါရီ (၅)ရက်၊ ညနေ (၆)နာရီမှ ည (၉) နာရီအထိ ကျင်းပခဲ့ခြင်း ဖြစ်သည်။

အခမ်းအနားတွင် မြတ်ဗုဒ္ဓ၏ လမ်းညွှန်ချက်များနှင့်အညီ ကမ္ဘာ့ငြိမ်းချမ်းရေး၊ လူသားအချင်းချင်း စာနာထောက်ထားရေးနှင့် တန်းတူဖွံ့ဖြိုး တိုးတက်စေရေးတို့အတွက် လူမှုအကျိုးပြုလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ထူးချွန်ပြောင်မြောက်အောင် ကြိုးပမ်းလျက်ရှိသည့် မြန်မာနှင့် အိန္ဒိယအသိုင်း အဝိုင်းမှ ဂုဏ်ပြုထိုက်သူ (၈၃)ဦးကို မြန်မာသံအမတ်ကြီးနှင့် ဒုတိယဝန်ကြီး H.E. Mr. Ramdas Athawale တို့က International Buddha Peace Award 2024 ဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ အထူးဧည့်သည်အဖြစ် အိန္ဒိယလူမှု ရေးရာ တရားမျှတမှုနှင့် အခွင့်အလမ်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Mr. Ramdas Athawale နှင့် ဂုဏ်ထူးဆောင် ဧည့်သည်တော်အဖြစ် ကုသိနာရုံ မြန်မာကျောင်းတိုက်မှ အဓိပတိပဓါန နာယကဆရာတော်၊ အဘိဓဇမဟာရဌ ဂုရု၊ အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဓဇ၊  ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရတို့က တက်ရောက်ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် ဒုတိယဝန်ကြီး H.E. Mr. Ramdas Athawale တို့က ဆီမီးထွန်းညှိ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အခမ်းအနား အစီအစဉ်အရ မြန်မာသံအမတ်ကြီးနှင့် ဒုတိယဝန်ကြီးတို့က အဖွင့်မိန့်ခွန်းများ ပြောကြားခဲ့ကြပြီး ကုသိနာရုံ မြန်မာကျောင်း ဆရာတော်ကြီးအဘိဓဇမဟာရဌဂုရု  ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရမှ သြဝါဒ အမှာစကား မိန့်ကြားခဲ့သည်။

အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓငြိမ်းချမ်းရေးဆုရရှိကြသည့် လူမှုထူးချွန်သူများအနေဖြင့်လည်း မိမိတို့လူမှုပတ်ဝန်းကျင်ငြိမ်း ချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စဉ်ဆက်မပြတ် ဆ က်လက်ကြိုးပမ်း ဆောင်ရွက်သွားစေလိုကြောင်း မြန်မာသံ အမတ်ကြီးက ထည့်သွင်း ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here