ကမ္ဘောဒီးယားဝန်ကြီးချုပ် ထိုင်းနိုင်ငံသို့ တရားဝင် အလည်အပတ်ခရီး ရောက်ရှိ  

0
155

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်မာနက်ဟာ ပြီးခဲ့တဲ့နှစ်က ဝန်ကြီးချုပ်တာဝန်ရယူခဲ့ပြီးနောက်ပိုင်း ဗုဒ္ဓဟူးနေ့မှာ အိမ်နီးချင်း ထိုင်းနိုင်ငံသို့ ကထမဆုံးအကြိမ်ရောက်ရှိလာခဲ့ပါတယ်။ သူ့ရဲ့ ခရီးစဉ်ဟာ မကြာသေးခင်ကာလက နှစ်နိုင်ငံအကြား ထိန်းသိမ်းထားတဲ့ နီးကပ်သော ဆက်ဆံရေးကို တိုးချဲ့ဖို့ ကြိုးပမ်းမှုဖြစ်တယ်လို့ ဆိုပါတယ်။

ဟွန်မာနက်ဟာ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်းနဲ့ တွေ့ဆုံကာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာတမ်းများစွာကို လက်မှတ်ရေးထိုးခြင်း အပြင် ထိုင်းဘုရင်မင်းမြတ် မဟာဝိဇယလောင်ကွန်းနဲ့လည်း တွေ့ဆုံမှာဖြစ်သလို ထိုင်း-ကမ္ဘောဒီးယား စီးပွားရေးဖိုရမ်မှာ မိန့်ခွန်းပြောဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ဟွန်မာနက်ရဲ့ တစ်ရက်တာ ခရီးစဉ်ဟာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အထူးသဖြင့် နယ်စပ်ဒေသတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊ နှစ်ဖက် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ လမ်းပန်း ဆက်သွယ်ရေး ပိုမိုနီးကပ်စွာ ချိတ်ဆက်မှု၊ ခရီးသွားလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုတို့အပြင် နှစ်နိုင်ငံ ပြည်သူများအကြား ပိုမိုနီးကပ်သော ဆက်ဆံရေးမြှင့်တင်ဖို့ရာမှာ နှစ်နိုင်ငံလုံးအတွက် အရေးကြီးသော အခွင့်အလမ်းတစ်ခုဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဟွန်မာနက်ရဲ့ ဘန်ကောက်ခရီးစဉ်ဟာ သူ့ဖခင် ဟွန်ဆန်လက်ထက် ထူထောင်ခဲ့တဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် နီးကပ်သော ဆက်ဆံရေးကို ထပ်လောင်းအတည်ပြုလိမ့်မယ်လို့ ကမ္ဘောဒီးယားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ပန်ဘိုနာက ခရီးစဉ် မတိုင်ခင် ပြောဆိုထားပါတယ်။

ဟွန်ဆန်ဟာ ထိုင်းနိုင်ငံနဲ့ အထူးအားဖြင့် နယ်မြေအငြင်းပွားမှုဆိုင်ရာ တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ဖူးတဲ့ ကာလတွေအပါအဝင် နိုင်ငံကို ၃၈ နှစ်ကြာ အုပ်ချုပ်ခဲ့အပြီး ပြီးခဲ့တဲ့နှစ်မှာ ရာထူးက နုတ်ထွက်သွားခဲ့တာဖြစ်ပါတယ်။

Source: AP news


LEAVE A REPLY

Please enter your comment!
Please enter your name here