အိမ်ထောင်ရှိသူနဲ့ ဇာတ်ရှုပ်ကြောင့် ယူကရိန်းဖွား Miss Japan သရဖူ ပြန်အပ်

0
186

အိမ်ထောင်ရှိ ဆရာဝန်တစ်ဦးနဲ့ နောက်ကြောင်းမရှင်းတဲ့ဇာတ်လမ်း ထွက်ပေါ်လာခဲ့အပြီးမှာ Miss Japan သရဖူဆွတ်ခူးရရှိထားသူ ယူကရိန်းဖွားအမျိုးသမီးက သရဖူကို ပြန်အပ်လိုက်တယ်လို့ သိရပါတယ်။

ဂျပန်နိုင်ငံသား ခံယူထားသူတစ်ဦးကို သရဖူပေးအပ်ခဲ့မှုအတွက် လက်ယာယိမ်းအချို့က မေးခွန်းထုတ်တာတွေလုပ်လာခဲ့ပြီးနောက် ဇန်နဝါရီလမှာ ကာရိုလီနာ ရှီးနိုနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေ စဖြစ်လာခဲ့ပါတယ်။

နောက်ပိုင်းမှာ အပတ်စဉ် မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Shukan Bunshun က မယ်ပြိုင်ပွဲဝင်သူတွေကို တားမြစ်ထားတဲ့ အိမ်ထောင်ရှိသူနဲ့ မရှင်းတဲ့ဇာတ်ရှုပ်အကြောင်း သတင်းဖော်ပြခဲ့ချိန်မှာ သူမရဲ့ ကိုယ်ရေးကိုယ်တာဆိုင်ရာ အရှုပ်တော်ပုံ ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။

ဂျပန် ဖျော်ဖြေရေးလောကမှ ပုဂ္ဂိုလ်တွေဟာ အိမ်ထောင်ရေးဖောက်ပြန်မှုတွေ၊ မူးယစ်ဆေးဝါး သုံးစွဲမှုတွေနဲ့ အခြား အရှုပ်တော်ပုံတွေ မကြာခဏဆိုသလို ထွက်ပေါ်လာလေ့ရှိပြီး ပရိသတ်တွေ၊ အလုပ်ရှင်တွေရဲ့ ဖယ်ကျဉ်ခြင်းကို ခံခဲ့ကြရပါတယ်။

ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြောင်းကိစ္စတွေကြောင့်ဆိုကာ ရှီးနိုက သရဖူပြန်လက်ခံပေးဖို့ တောင်းဆိုလာတဲ့အပေါ် လက်ခံလိုက်တယ်လို့ Miss ဂျပန် အဖွဲ့အစည်းက တနင်္လာနေ့မှာ ပြောဆိုခဲ့ပြီး ၂၀၂၄ ခုနှစ်အတွက် Miss ဂျပန် ရှိတော့မှာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

ရှီးနိုဟာ သူမရဲ့ ဇာတ်ရှုပ်ကို အတည်ပြုခဲ့တယ်လို့ အေဂျင်စီကလည်း ထုတ်ပြန်ခဲ့ပါတယ်။ ယင်းနေ့မှာပဲ ရှီးနိုက သူနဲ့ဇာတ်လမ်းဖြစ်တဲ့ အမျိုသားဖြစ်သူရဲ့ ဇနီးအပါအဝင် ပတ်သက်ခဲ့သူအားလုံးကို အလေးအနက် တောင်းပန်လိုပါကြောင်း ပြောဆိုခဲ့ပါတယ်။

မလိုလားအပ်တဲ့ ကိစ္စတွေဖြစ်လာမှာနဲ့ ကြောက်စိတ်ကြောင့် အစပိုင်းမှာ အမှန်တရားကို မိမိ ပြောမထွက်ခဲ့ကြောင်းနဲ့ မိမိအပေါ် ယုံကြည်ခဲ့သူ၊ ထောက်ခံခဲ့သူတွေကို တောင်းပန်ပါကြောင်း အသက် ၂၆ နှစ်အရွယ် သူမက အင်စတာဂရမ်ကနေ ပြောဆိုခဲ့ပါတယ်။

တနင်္လာနေ့က ရှီးနိုရဲ့ အေဂျင်စီက ထုတ်ပြန်ခဲ့ရာမှာတော့ သူမအနေနဲ့ ကွာရှင်းပြတ်စဲထားသူလို့ ယုံကြည်တဲ့ အမျိုးသားနဲ့ စတွေ့ခဲ့ကြတာဖြစ်ကြောင်း သို့ပေမယ့် နောက်ပိုင်းမှာ သူဟာ အိမ်ထောင်ရှိနေဆဲဖြစ်တယ်လို့ သိရချိန်မှာလည်း relationship ကို ဆက်ထားခဲ့မိကြောင်း သူတို့ကို ဝန်ခံပြောဆိုခဲ့တယ်လို့ အေဂျင်စီက ဆိုခဲ့ပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here