ကမ္ဘောဒီးယား ဖိုက်တာများနှင့်ထိုးသတ်မည့် ရွှေရာမန်နှင့် အဲမွီတို့ ဖနွမ်းပင်မြို့သို့ ရောက်ရှိ

0
236

မြန်မာ့ရိုးရာလက်ဝှေ့ကျော်များဖြစ်သည့် ရွှေရာမန် နှင့် အဲမွီတို့သည် ကမ္ဘောဒီးယားဖိုက်တာများနှင့် ထိုးသတ်ရန် ဖနွမ်းပင်မြို့သို့ ရောက်ရှိသွားပြီဖြစ်သည်။

ရွှေရာမန်နှင့် အဲမွီတို့သည် ယင်းတို့၏ ဆရာဖြစ်သည့်“ဆရာမောင်” နှင့် အတူတကွ ဖနွမ်းပင်မြို့သို့ ဖေဖော်ဝါရီလ (၆) ရက် ညပိုင်းက ဘေးကင်းစွာ ရောက်ရှိသွားပြီဖြစ်ကြောင်းအသိပေးထားသည်။

ကမ္ဘောဒီးယားဖိုက်တာ ဖောဆော်ဖုန်း နှင့် အဲမွီ တို့သည် ဖေဖော်ဝါရီလ (၈) ရက် တွင် (၃) မိနစ် (၃) ချီ ၊ ၁၂ အောင်စ လက်အိတ်၊ ခွန်ခမာအမှတ်ပေး စည်းမျဉ်းဖြင့် ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။

ရွှေရာမာန်နှင့် ကမ္ဘောဒီးယားဖိုက်တာ ပရွမ်စမ်နန်တို့မှာ ဖေဖော်ဝါရီလ (၉) ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ၌ MMA လက်အိတ်ဖြင့် (၃) မိနစ် (၃) ချီ ခွန်ခမာ အမှတ်ပေးစည်းမျဉ်းဖြင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။

ရွှေရာမာန်နှင့် ပရွမ်စမ်နန်၊ ဖောဆော်ဖုန်း နှင့် အဲမွီတို့၏ ပွဲစဥ်များအား ANS Facebook Page မှတိုက်ရိုက်ထုတ်လွှင့်ပေးမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here