ရန်ကုန်အိမ်ခြံမြေဈေးကွက် အရောင်းအဝယ်အေးနေ

0
176

ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ်အေးနေပြီး စောင့်ကြည့်အနေအထားတွင် ရှိနေကြောင်း အိမ်ခြံ မြေအကျိုးဆောင်များ၏ ပြောပြချက်အရ သိရသည်။

” အရောင်းအဝယ်က အေးတယ်။ ဘာလို့ဆို စောင့်ကြည့်နေကြတာ ဈေးကွက်ကို။ ဒေါ်လာဈေး နဲ့ ရွှေဈေးကလည်း အတက်အကျမငြိမ်ဘူး။ အငှားဈေးကွက်က ပိုဖြစ်နေတယ်”ဟု ရွှေညီကို အိမ်ခြံမြေအကျိုးဆောင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံသည့် အပိုင်းတွင် ကွန်ဒို၊ တိုက်ခန်းများထက် မြေကွက်အရောင်းအဝယ်မှာ ပိုဖြစ်နေပြီး ပျမ်းမျှငွေပမာဏ ကျပ်သိန်း ၅ ထောင်ပတ်ဝန်းကျင် မြေကွက်များအဝယ်လိုက်နေ ကြောင်း သိရသည်။

ယခင်က ရန်ကုန်မြို့စွန်ရှိ ကျပ်သိန်း ၂၀၀၀ ဝန်းကျင်ရှိသောမြေကွက်ကျယ်များမှာ လက်ရှိကာလတွင် ကျပ်သိန်း ၃၀၀၀ ကျော်အထိ မြင့်တက်လာပြီး လမ်းမတန်းနှင့် အနီးတဝိုက်မြေကွက်များသည် ကျပ်သိန်း သောင်းဂဏန်းဝန်းကျင်ပင် ရှိလာကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။

ပြီးခဲ့သည့် လပိုင်းအတွင်းက ပေ ၂၀၊ ပေ ၆၀ မြေကွက်တစ်ကွက်လျှင် ကျပ်သိန်း ၂၀၀ ဝန်းကျင်ရှိရာမှ ယခုအချိန်တွင် ကျပ်သိန်း ၄၀၀ ဝန်းကျင်အထိ မြင့်တက်လာခြင်းများပင် ရှိနေကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here