စစ်တိုက်ရန် ဗြိတိန်ပြင်ဆင်ထာခြင်း မရှိသေးဟု ပါလီမန်အမတ်များ သတိပေး

0
145

ကမ္ဘာလုံးဆိုင်ရာ မတည်ငြိမ်မှုများ ပိုမိုဆိုးရွားလာချိန်တွင် ဗြိတိန်စစ်တပ်သည် အလုံးစုံစစ်ပွဲများအတွက် လုံလောက်စွာ ပြင်ဆင်ထားခြင်း မရှိသေးကြောင်း ဗြိတိန် ပါလီမန်အမတ်များက သတိပေးထားသည်။

အောက်လွှတ်တော် ကာကွယ်ရေးကော်မတီ၏ အစီရင်ခံစာသစ်အရ ဗြိတိန်စစ်တပ်သည် စစ်လက်နက်ပစ္စည်းများ ပြတ်လပ်မှုနှင့် တပ်သားသစ်စုဆောင်းရေးအကျပ်အတည်းကို အစိုးရက မဖြေရှင်းပါက စစ်ရေးအတွက် ပြင်ဆင်မှုအားနည်းနေဦးမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ စစ်ဆင်ရေးများ၏ အရှိန်အဟုန်သည် “စစ်မှန်သော တိုက်ပွဲများနှင့် ဗျူဟာမြောက် အဆင်သင့် မတည်ဆောက်နိုင်ခြင်း” ဟူသော အဓိပ္ပာယ်အရ ဗြိတိန်၏ လုံခြုံရေးကို ခြိမ်းခြောက်လာနိုင်ကြောင်း ပါတီစုံနိုင်ငံရေးသမားများက သတိပေးထားသည်။

ကာကွယ်ရေး ဝန်ကြီးဌာန (MoD)ကလည်း အဆိုပါ ပြဿနာကို လိုအပ်သည့် အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေခြင်း မဟုတ်ကြောင်း ပါလီမန်အမတ်များက ဆိုကြသည်။

ရုရှားကဲ့သို့သော နိုင်ငံများနှင့် စစ်ပွဲဖြစ်ပွားသောအခါတွင် ဗြိတိန်သည် ထောင်နှင့်ချီသော “နိုင်ငံသားစစ်တပ်” ဖွဲ့စည်းရန်အတွက် ပြင်ဆင်ရမည်ဟု စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဆာပက်ထရစ်ဆန်းဒါးစ်က ပြီးခဲ့သောလအတွင်းတွင် သတိပေးပြောကြားခဲ့သေးသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here