ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှ ကန်ဒေါ်လာ  ၁ ဘီလီယံကျော်ရ ရှိထား

0
174

၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်၏ ဆယ်လကျော်ကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၈ ဘီလီယံကျော်ရရှိ‌ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရော င်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ယခုဘဏ္ဍာနှစ်တွင် ပြည်ပပဲတင်ပို့မှုမှ ကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံခန့်အထိ ရရှိရန် ခန့်မှန်းထားပြီး သတ်မှတ်လျာ ထားချက်ထက် ကျော်လွန်ရရှိမည်ဟု ကုန်သည်များက ခန့်မှန်းထားကြသည်။

ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ကပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ပျမ်းမျှတန်ချိန် ၂ သန်းခန့် ရှိခဲ့ရာ အမေရိကန်ဒေါ် လာ ၁ ဒသမ ၄၇ ဘီလီယံ အထိ နိုင်ငံခြားဝင်ငွေရရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် ပဲမျိုးစုံကို အိန္ဒိယနိုင်ငံသို့ အဓိက တင်ပို့ရောင်းချပြီး မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်ကာပူနိုင်ငံများသို့  တင်ပို့ကာ အီးယူနိုင်ငံများ ၏ ဝယ်လိုအားလည်းရှိနေခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် ၂.၅ သိန်းနှင့် ပဲစဉ်းငုံတန်ချိန် ၁ သိန်း တို့ကို ဝယ်ယူတင်သွင်းရန် မြန်မာနိုင်ငံနှင့် MoU လက်မှတ်ရေးထိုးထားသည်။

တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက် ပျိုးထုတ်လုပ်မှုသည် ဒုတိယ အများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့် တစ်နိုင်ငံလုံး၏ လယ်ယာထွက်ပစ္စည်းထွက်ရှိမှု၏ ၃၃ ရာခိုင် နှုန်းရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ ၂၀ ရာခိုင်နှုန်းခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ ၇၂ ရာခိုင်နှုန်းသည် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများလည်း စိုက်ပျိုးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here