ဂါဇာ၌ စစ်ပြေငြိမ်းရေးအတွက် ကန်နိုင်ငံခြားရေးဝန်ကြီး အစ္စရေးသို့ရောက်ရှိ

0
150

ဂါဇာ၌ စစ် ပြေငြိမ်းရေး စာချုပ် ချုပ်ဆိုနိုင်ရန် အ မေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဘလင်ကန် သည်အစ္စရေးသို့ရောက်ရှိနေကြောင်းသိရသည်။

ဟားမတ်စ်နှင့်အစ္စရေးကို ကြားဝင်စေ့စပ်ပေးနေသည့် နိုင်ငံများဖြစ်သော အီဂျစ်နှင့်ကာတာတို့၌ပြုလုပ်ခဲ့သည့်အစည်းအဝေးအပြီးတွင် အ မေရိကန်နိုင်ငံခြားရေးဝန်ကြီးသည် ပဋိပက္ခများဖြင့်တင်းမာနေသည့် အရှေ့အလယ်ပိုင်းဒေသသို့ ငါးကြိမ်မြောက်လာရောက်ခြင်းဖြစ်သည်။

၎င်းသည် အဆိုပြုထားသည့် စစ်ပြေငြိမ်းရေးသဘောတူညီချက်အပေါ် ဟားမတ်စ်တို့၏တုန့်ပြန်နိုင်ခြေနှင့်ပတ်သက်ပြီးဆွေးနွေးရန် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု နှင့် သာမက အစ္စရေးသမ္မတနှင့်ပါတွေ့ဆုံသွားမည်ဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

ဟားမတ်စ်အဖွဲ့ကမူ ယခု စစ်ပြေငြိမ်းရေး စာချုပ် မတိုင်မီကပြောကြားထားသည်မှာ မည်သည့်သဘောတူညီချက်မျိုးဖြစ်နေပါစေ သဘောတူညီချက်မှန်သမျှသည် စစ်ပွဲအားအပြီးသတ်ရပ်တန့်နိုင်ရန်သာဖြစ်ရမည်ဟုဆိုထားသော်လည်း အစ္စရေးကမူ စစ်သွေးကြွအဖွဲ့ဟားမတ်စ်က အလုံးစုံမပျက်စီးဘဲ စစ်ပွဲကိုမရပ်တန့်နိုင်ဟုသာပြောကြားခဲ့သည်။

Source : အယ်လ်ဂျာဇီးရား


LEAVE A REPLY

Please enter your comment!
Please enter your name here