ပြည်တွင်း၊ ပြည်ပ ခရီးသွားစစ်တမ်းကောက်ယူမှု ရာနှုန်း ပြည့် ပြီးစီးနေပြီဟုဆို

0
132

မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွ က် ပြည်တွင်းပြည်ပခရီးသွား စစ်တမ်းများကောက်ယူရာ တွင် ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူး အစရှိသည့် မြို့နယ်များအပါအဝင် မြို့ပေါင်း(၁၉)မြို့အတွင်းရှိ ခရီးသွားများ စိတ်ဝင်တစား လည်ပတ်စရာနေရာများနှင့် နယ်စပ် ဝင်/ထွ က်ပေါက်ဂိတ်များ၊ လေဆိပ်များ၊ ရထားဘူတာရုံများတွင် ပြည်တွင်း၊ ပြည်ပ ခရီးသွားစစ်တမ်းကို ၂၀၂၃ခုနှစ်၊ ဒီဇင် ဘာလ(၂၉)ရက်မှ စတင်ကာ ကောက်ယူခဲ့ခြင်းဖြစ်ပြီး ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ စစ်တမ်းအရ ပြည်တွင်းခရီးသွား(၇,၀၀၀)ကျော်နှင့် ပြည်ပခရီးသွား(၁,၃၀၀)ကျော်ကို ကောက်ခံနိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ရရှိလာသည့် ကိန်းဂဏန်းအချက်အလက်များ နှင့် သုတေသန တွေ့ရှိချက်များကို အခြေခံ၍ ဟိုတယ်နှင့် ခရီး သွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာဆော င်ရွက်နိုင်မည်ဖြစ်ကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေးဝန် ကြီး ဒေါက်တာသက်သက်ခိုင်က ပြောကြားထားသည်။

မြန်မာနိုင်ငံ၌ ကိုဗစ်(၁၉)ရောဂါ စတင်ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ ပြည်ပခရီးသွားဝင်ရောက်မှုနှင့် ပြည်တွင်းခရီးသွားလည်ပတ်မှုများ သိသာစွာကျဆင်းခဲ့ပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်ခရီးသွားရာသီမှစတင်ကာ ပြည်တွင်းခရီးသွားပြန်လ ည်မြင့်တက်လာခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here