(၁၀)လအတွင်း ရေထွက်ပစ္စည်းတင်ပို့မှုမှ ကန်ဒေါ်လာ ၅၆၄ သန်းကျော်ရရှိထား

0
142

၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်၏ ဆယ်လတာကာလအတွင်း ပြည်ပသို့ ရေထွက်ပစ္စည်းတင်ပို့မှုမှ ဒေါ်လာ ၅၆၄ ဒသမ ၆၈၁ သန်းရရှိထားကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါတင်ပို့မှုသည် ဧပြီလ (၁) ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါ ရီလအထိ တင်ပို့မှုမှ ရရှိထားသည့် ဝင်ငွေများဖြစ်ပြီး ပြီးခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၄၆ သန်းကျော်လျော့ကျခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများကို ပုံမှန်ကုန်သွယ်ရေး Normal Trade နှင့် နယ်စပ်ကုန်သွယ်ရေး Border Trade လမ်းကြောင်းများမှတဆင့် ပြည်ပနိုင်ငံများသို့ တင်ပို့နေခြင်းဖြစ်ပြီး လက်ရှိအခြေအနေတွင် ပြည်ပရေထွက်ကုန်တင်ပို့မှုသည် ပုံမှန်အတိုင်း တင်ပို့နေသော်လည်း ကိုဗစ်ကာလမတိုင်ခင်အခြေအနေသို့ ပြန်လည်မရောက်ရှိသေးဘဲ တင်ပို့မှုလျော့ကျနေဆဲဖြစ်ကြောင်း သိရသည်။

ငါး၊ ပုစွန်၊ ဂဏန်း စသည့် မြန်မာ့ရေထွက်ကုန်များကို ပုံမှန်ကုန်သွယ်ရေးအဖြစ် ဂျပန်နှင့် ဥရောပနိုင်ငံများ အပါအဝင် တရုတ်၊ ထိုင်းနှင့် အိမ်နီးချင်းနိုင်ငံများသို့ မူဆယ်၊ မြဝတီ၊ ကော့သောင်း၊ စစ်တွေ၊ မြိတ်၊ မောင်တော နယ်စပ်ကုန်သွယ် ရေးစခန်းများမှ  ပုံမှန်တင်ပို့နေခြင်းဖြစ်သည်။

မြန်မာ့ရေထွက်ပစ္စည်းများကို နိုင်ငံပေါင်း (၄၅) နိုင်ငံသို့ နှစ်စဉ်တင်ပို့လျက်ရှိပြီး  အသားကဏ္ဍအနေဖြင့် လက်ရှိတွင် တိရစ္ဆာန်အရှင်များကိုသာ အိမ်နီးချင်းနိုင်ငံသို့ နယ်စပ်ကတဆင့် အဓိကတင်ပို့လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here