တည်ဆောက်ရေးလုပ်ငန်းများကို နိုင်ငံ့ဘဏ္ဍာ လေလွင့်ဆုံး ရှုံးမှုမရှိစေရေး စီစစ်ဆောင်ရွက်ရန် ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်ပြော

0
119

တည်ဆောက်ရေး လုပ်ငန်းများကို နိုင်ငံ့ဘဏ္ဍာ လေလွင့်ဆုံး ရှုံးမှုမရှိစေရေး စီစစ်ဆောင်ရွက်ရန်နှင့် သတ်မှတ်ဘဏ္ဍာနှစ်အတွင်း အချိန်မီပြီးစီးစေရေး ဝိုင်းဝန်းပူးပေါင်းကာညှိနှိုင်း ဆောင်ရွက်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ပြောကြားခဲ့သည်။

ဖေဖေါ်ဝါရီ (၇) ရက် မွန်းလွဲပိုင်းက နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာနရှိ စုဝေးခန်းမ၌ ပြုလုပ်သည့်၂၀၂၃ – ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီနှင့် ဆောက်လုပ်ရေးလုပ်ငန်းစိစစ်ညှိ နှိုင်းရေးအဖွဲ့ (ငွေလုံးငွေရင်း) လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အ စည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီတင်ပြပေးရန်နှင့် ကော်မတီအနေဖြင့် တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်နိုင်ရန် အဓိကစစ်ဆေးခြင်းဖြစ်ပြီး နည်းပညာပိုင်းနှင့် ဒီဇိုင်းပုံစံများ ဆောင်ရွက်ရာတွင် စံချိန်စံညွှန်းအရည်အသွေးပြည့်မီစေရေး အင်ဂျင်နီယာအဖွဲ့အ စည်းများနှင့် စစ်ဆေးပေးရန် လိုကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည် ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများအနေဖြင့် ဘဏ္ဍာရေး ရသုံးခန့်မှန်းခြေငွေစာရင်းများ ရေးဆွဲတင်ပြရာတွင် လိုက်နာဆောင်ရွက်ရန်အချက်များ၊ တည်ဆောက်ရေးလုပ်ငန်းများ ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးရေး လိုက်နာ ဆောင်ရွက်ရမည့် ဘဏ္ဍာရေးဆိုင်ရာစည်းမျ ဉ်း၊ စည်းကမ်းများ၊ မူဝါဒများနှင့်ပတ်သက်၍ လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဝင်းဖေက ကော်မတီအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍လည်းကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ထုတ်ပြန်ထားသည့် အမိန့်ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ လိုက်နာဆောင် ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍လည်းကောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ ဒုတိယဥက္ကဋ္ဌ များဖြစ်သည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ တ ည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူး ချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဌာနကြီးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here