စက်သုံးဆီ အရောင်းဆိုင်များကို အလွယ်တကူ ရှာဖွေပေးနိုင်မည့် အက်ပ် တစ်ခုရေးဆွဲနေဟုဆို

0
164

ပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် စက်သုံးဆီအရောင်းဆိုင်များကို အလွယ်တကူ ရှာဖွေပေးနိုင်မည့် Software Application တစ်ခုကိုရေးဆွဲနေကြောင်းကုန်သွယ်မှုနှင့်ကုန်စည် စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီဥက္ကဋ္ဌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောသည်။

ယမန်နေ့က နေပြည်တော်တွင်ပြုလုပ်သည့် ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ကော်မတီ ဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ Software Application သည် ပြည်သူများ ခရီးသွားလာရာတွင် နီးစပ်ရာစက်သုံးဆီအရောင်းဆိုင်များ၌ လိုအပ်သော စက်သုံးဆီ အမျိုးအစားကို လိုအပ်သည့်အတိုင်း အလွယ်တကူ ဝယ်ယူနိုင်ရန်အတွက် မိမိရောက်ရှိ နေသည့်နေရာမှ မိုင် (၃၀) အတွင်းရှိ အရောင်းဆိုင်များကို အလွယ် တကူရှာဖွေနိုင်ပြီး အသင့်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် Monitoring ပြုလုပ်မည့် ဌာနများကလည်း စက်သုံးဆီ အရောင်းဆိုင်များရှိ စက်သုံးဆီအမျိုးအစားအလိုက် လက်ကျန်အခြေ အနေများ၊ ရောင်းချသည့် ဈေးနှုန်းများကို ကြည့်ရှု့စစ်ဆေးနိုင်မည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောသည်။

Software Application ကို ယခု ဖေဖော်ဝါရီလမှ စ၍ နေပြ ည်တော်ကောင်စီနယ်မြေအတွင်းရှိ စက်သုံးဆီအရောင်းဆိုင် (၁၀၇) ဆိုင်တွင် Pilot Project အဖြစ် စမ်းသပ်ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here