ထိုင်းနိုင်ငံမှာ ဇန်နဝါရီလအတွင်း သွေးလွန်တုပ်ကွေး ကူးစက်လူနာ ၈၀၀၀ ကျော်ရှိခဲ့ပြီး အလေးထားစရာ ပြဿနာဖြစ်လာဟု ဆို

0
145

ထိုင်းနိုင်ငံမှာ ဇန်နဝါရီလအတွင်း ကူးစက်လူနာ ၈၀၀၀ ကျော် ရှိခဲ့ရာမှ ၁၃ ဦး သေဆုံး မှုဖြစ်ခဲ့တဲ့ သွေးလွန် တုပ်ကွေး ရောဂါအရေးဟာ အလေးထားစရာ ပြဿနာဖြစ်လာကြောင်းနဲ့ ပြည်သူလူထုအနေနဲ့ ခြင်ကိုက်မခံရဖို့ ကာကွယ်မှုတွေလုပ်ကြရေး ရောဂါ ထိန်းချုပ်ရေးဋ္ဌာန(DCD) က သတိပေးခဲ့ပါတယ်။

ဇန်နဝါရီလအတွင်း သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားသူ ၈၁၉၇ ဦး ရှိခဲ့ပြီး ၂၀၂၃ ခုနှစ် ကာလတူအချိန်က ၄၂၈၆ ဦး ရောဂါဖြစ်ပွားမှုရှိခဲ့တာကြောင့် ၉၁.၂၅ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ DCD ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သွန်ချိုင်း ကီရာတီဟွတ်တယာကွန်က ပြောဆိုခဲ့ပါတယ်။

၂၀၂၄ ခုနှစ် လက်ရှိအချိန်အထိမှာ သွေးလွန်တုပ်ကွေးကြောင့် သေဆုံးရသူ ၁၃ ဦး ရှိခဲ့ပြီလို့လည်း ၎င်းက ပြောဆိုပါတယ်။

သွေးလွန်တုပ်ကွေးရောဂါဟာ ခြင်မှတဆင့် ကူးစက်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ဖြစ်ပွားခြင်းဖြစ်ကာ အပူပိုင်းဒေသရာသီဥတုတွေမှာ အဖြစ်များတဲ့ ရောဂါဖြစ်ပါတယ်။ Aedes ခြင်တွေ အထူးအားဖြင့် Aedes aegypti နဲ့ Aedes albopictus အမျိုးအစားခြင်တွေကဆင့် ကူးစက်တဲ့ သွေးလွန်တုပ်ကွေဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတဲ့ ရောဂါဖြစ်ပါတယ်။

တွေ့ရများတဲ့ ရောဂါလက္ခဏာတွေကတော့ အဖျားကြီးခြင်း၊ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ ကြွက်သားနဲ့ အဆစ်အမြစ်တွေ နာကျင်ခြင်း၊ ပျို့အန်ခြင်း၊ အရေပြားနီမြန်းခြင်းတဲ့ ဂလင်းတွေ ရောင်ရမ်းခြင်းတို့ဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ်အတွင်း ရောဂါဖြစ်ပွားမှု တွေ့ရှိရတဲ့ လူနာအများစုဟာ အသက် ၅ နှစ်မှ ၁၄ နှစ်အရွယ် ကလေးငယ်တွေဖြစ်ပြီး နိုင်ငံတောင်ပိုင်းနဲ့ အလယ်ပိုင်းပြည်နယ်တွေမှာ ရောဂါဖြစ်ပွားမှု အများဆုံး တွေ့ရတယ်လို့ ဒေါက်တာ သွန်ချိုင်းက ပြောဆိုခဲ့ပါတယ်။

သွေးလွန်တုပ်ကွေးလူနာတွေကို လက်ခံကုသပေးနေတဲ့ ဆေးရုံအားလုံးအနေနဲ့ အခြားလူနာတွေကိုပါ ဗိုင်းရပ်စ် မကူးစက်စေဖို့အတွက် ခြင်နိုင်ဆေး ခရင်မ်တွေ ဒါမှမဟုတ် ခြင်းဖျန်းဆေးတွေ ပေးထားသင့်တယ်လို့လည်း ဒေါက်တာ သွန်ချိုင်းက အကြံပြုပြောဆိုခဲ့ပါတယ်။

Ref: The Straits Times


LEAVE A REPLY

Please enter your comment!
Please enter your name here