ပင်လယ်စာများအား ဒရုန်းဖြင့် သယ်ယူပို့ဆောင်ပေးသည့် ဝန်ဆောင်မှု တရုတ်တွင် စတင်

0
153

ပင်လယ်စာသတ္တဝါများအား ဒရုန်းတစ်စင်းဖြင့် ဝယ်သူထံ သယ်ယူပို့ဆောင်ပေးသည့် ဝန်ဆောင်မှုကို တရုတ်နိုင်ငံတောင်ပိုင်း ရှန်းကျန့်ပြည်နယ် အရှေ့ပိုင်းနှင့် နန်နာအို မြို့အကြားတွင် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။

ရေလုပ်သားများက ဖမ်းဆီးခဲ့ကြသော ဂဏန်း၊ ပုဇွန်၊ ငါး အစရှိသည့် ပင်လယ်စာ သတ္တဝါများကို ပုံးများဖြင့်ထည့်ကာ ဒေသတွင်း သယ်ယူပို့ဆောင်ရေး ဌာနများဆီသို့ ဒရုန်းဖြင့် သယ်ဆောင်ပေးပို့ခြင်းဖြစ်ပြီး၊ အဆိုပါ ဒေသတွင်း သယ်ယူပို့ဆောင်ရေးဌာနများက လက်လီဝယ်ယူသူများဆီသို့ ထပ်ဆင့် ရောင်းချနိုင်ကြမည်ဖြစ်သည်။

ယင်းလုပ်ငန်းတွင် အသုံးပြုနေသော ဒရုန်းများသည် အများဆုံးအလေးချိန် ကီလို ၂၀ အထိ သယ်ဆောင်နိုင်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here