ဟားမတ်စ်အပစ်ရပ်စဲရေးသည် လှည့်စားမှုတစ်ခုသာဖြစ်ဟု နေတန်ယာဟုဆိုပြီးငြင်းပယ်ခဲ့

0
225

ဒိုဟာ၊ဖေဖော်ဝါရီ ၈

အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုသည် ဂါဇာကမ်းမြောင်ဒေသ၌ အပစ်အခတ်ရပ်စဲရေးနှင့် ဓါးစာခံများပြန်လွှတ်ပေးရေးအတွက် ဟားမတ်စ်၏ နောက်ဆုံးကမ်းလှမ်းချက်ကို ဗုဒ္ဓဟူးနေ့ကပယ်ချခဲ့သော်လည်း ကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကန်ကမူ နှစ်ဖက်သဘောတူညီချက်အတွက် ညှိနှိုင်းရန် အခြေအနေရှိသေးကြောင်းပြောကြားခဲ့သည်။

ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ဟားမတ်စ်သည် လေးလခွဲကြာသည့်အပစ်အခတ်ရပ်စဲရေးအစီအစဉ်အား အဆိုပြုတင်သွင်းခဲ့ပြီး ဓါးစာခံများပြန်လွှတ်ပေးရေးနှင့် အစ္စရေးတပ်များအလုံးစုံပြန်လည်ဆုတ်ခွာရေးတို့ကိုပါထည့်သွင်းတောင်းဆိုခဲ့ပြီး ယင်းသဘောတူညီချက်မှတစ်ဆင့် စစ်ပွဲလုံးဝရပ်တန့်နိုင်မည့်အခြေအနေဖြစ်လာနိုင်သည်ဟုလည်းဆိုခဲ့သည်။

ဟားမတ်စ်အဖွဲ့၏ယခုအဆိုပြုချက်သည် အီဂျစ်နှင့်ကာတာတို့၏ကြားဝင်ဖျန် ဖြေပေးမှုဖြင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ဆွေးနွေးရေးအတွက် တုန့်ပြန်မှုတစ်ခုလည်းဖြစ်ကြောင်းသိရသည်။

သို့သော် အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုက ယင်းအဆိုပြုချက်အားပယ်ချခဲ့ပြီး ဟားမတ်စ်အဖွဲ့အားအမြစ်ပြတ်တိုက်ထုတ်ရန်သာ ထပ်တလဲလဲပြောကြားခဲ့သည်။ ဓါးစာခံများလွတ်မြောက်ရေးအတွက် စစ်ရေးဖြင့် စဉ်ဆက်မပြတ်ဖိအားပေးခြင်းကသာလျှင်အဓိကဖြစ်သည်ဟုလည်း၎င်းကဆိုသည်။

အစ္စရေးနှင့်ဟားမတ်စ်တို့သည် ပြီးခဲ့သည့်နှစ်အောက်တိုဘာ ၇ ရက်က ဟားမတ်စ်ဘက်မှအစ္စရေးနယ်နိမိတ်အတွင်း ဒုံးကျည်များဖြင့်စတင်တိုက်ခိုက်ခဲ့မှုကြောင့် အစ္စရေးနိုင်ငံသား ၁,၂၀၀ ကျော်သေဆုံးခဲ့သဖြင့် အစ္စရေးဘက်မှပြန်လည်တုန့်ပြန်ခဲ့ရာမှ စစ်ဖြစ်ပွားခဲ့ရခြင်းလည်းဖြစ်သည်။

Source : ရိုက်တာ


LEAVE A REPLY

Please enter your comment!
Please enter your name here