ပြည်ပအလုပ်အကိုင် အေဂျင်စီအရေအတွက် များလာသော် လည်း လက်တွေ့တွင် ပြည်ပသို့ လုပ်သားစေလွှတ်နိုင်မှု‌ေလျာ့နည်းလာ

0
142

ပြည်တွင်း၌ လအလိုက် ဖွင့်လှစ်လုပ်ကိုင်သည့် ပြည်ပအလု ပ်အကိုင် အေဂျင်စီအရေအတွက်များ တစတစများပြားလာသော်လည်း ပြည်ပသို့လုပ် သားစေလွှတ်နိုင်မှုတွင် လျော့ နည်းနေကြောင်းလည်း သိရသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလကုန်အထိ ပြည်ပသို့ အလုပ်သမားစေလွှတ်သည့် ပြည်ပအလုပ်အကိုင် အေဂျင်စီ(၅၄၀) ကျော် ရှိလာပြီဖြစ်ကြောင်း အလုပ်သမားညွန်ကြားရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ဇန်နဝါရီလ (၃၁)ရက်အထိ ပြည်ပအလုပ်အကိုင် အေဂျင်စီ လိုင်စင်ရယူထားသည့် အေဂျင်စီအရေ အတွက် ၅၄၂ ခုရှိပြီး အဆိုပါ အေဂျင်စီများထဲတွင် အေဂျင်စီ (၁၂) ခုမှာ လိုင်စင်ယာယီ ပိတ်သိမ်း အရေးယူခြင်း ခံထားရသည်။

ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်းရှားပါးနေခြင်းက လူငယ်အများစု ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် တွန်းအားတစ်ခုအဖြစ်ရှိနေပြီး ယင်းကဲ့သို့ ပြည်ပထွက် အလုပ်လုပ်ကိုင်လိုသူများ နည်းတူ အလုပ်အကိုင် အေဂျင်စီများသည်လည်း အရေအတွက်အားဖြင့် တိုးလာကြောင်း သိရသည်။

ထို့ပြင် အလုပ်သမား ဝန်ကြီးဌာနအနေဖြင့် ပြည်ပသို့အလုပ် သမားစေလွှတ်သည့် စာရင်းကို လအလိုက်တင်ပြရန် သတိ ပေးထားပြီး ပျက်ကွက်ပါက အရေးယူဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here