သံဖြူဇရပ်မြို့တွင် ထင်းကောက်သွားသည့် အမျိုးသမီးတစ်ဦး မြေမြှပ်မိုင်းနင်းမိ၍ ဒဏ်ရာအပြင်းအထန်ရ

0
151

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကရုပ္ပိကျေးရွာတွင် ထင်းကောက်သွားသည့် အမျိုးသမီးတစ်ဦး မြေမြှပ်မိုင်းနင်းမိရာမှ ခြေထောက်နှစ်ဘက်တွင် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း ဒေသခံသတင်းအရင်း အမြစ်တစ်ဦးထံက သိရသည်။

မြေမြှုပ်မိုင်းနင်းမိသူမှာ ကရုပ္ပိကျေးရွာ၊ ထောင်ကေးအပိုင်းဘ၌ နေထိုင်သူ အမျိုးသမီးတစ်ဦးဖြစ်ပြီး၊ ဖေဖော်ဝါရီ (၇) ရက် မွန်းလွှဲပိုင်းအချိန်က ရော်ဘာခြံအတွင်း ထင်းကောက်သွားရာမှ မိုင်းနင်းမိခဲ့ခြင်း ဖြစ်သည်။

မြေမြှပ်မိုင်းနင်းမိသူ အမျိုးသမီးမှာ ဘယ်ခြေထောက် ပြတ်ထွက်ဒဏ်ရာနှင့် ခြေထောက်စုတ်ပြတ် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

“အခုတိုက်ပွဲတွေ မရှိတော့ပေမယ့် မိုင်းနင်းမိမယ့် အန္တရာယ်ကို စိုးရိမ်နေကြတာ”ဟု ဒေသခံတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ လဆန်းပိုင်းက သံဖြူဇရပ်မြို့နယ်အတွင်း တပ်မတော်နှင့် လက်နက်ကိုင်အဖွဲ့များအကြား နှစ်ဘက်ထိတွေ့ တိုက်ပွဲများဖြစ်ခဲ့ကြပြီး လက်ရှိအချိန်အထိ မွန်ပြည်နယ်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှု (၁၆) ကြိမ်ထ က်မနည်းဖြစ်ပွားခဲ့ရာ ဒေသခံပြည်သူ (၇)ဦး သေဆုံးပြီး (၁၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here