စစ်ရေး ရှေ့မတိုးနောက်မဆုတ်ဖြစ်နေမှုကို လှုပ်နှိုးရန် ယူကရိန်း စစ်ဦးစီးချုပ်အသစ် ခန့်အပ်

0
135

ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့ရဲ့ ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ကြီး ဗယ်လာယေး ဇာလူဇင်နီရဲ့နေရာကို ကြာသပတေးနေ့မှာ သမ္မတ ဗိုလိုဒီမာ ဇလန်းစကီက အစားထိုးခန့်အပ်လိုက်ကြောင်း သိရပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၂ နှစ်ခန့်က ကျူးကျော် ရုရှားတပ်တွေကို တွန်းလှန်နိုင်ခဲ့မှုကြောင့် အမျိုးသားသူရဲကောင်းတစ်ဦးဖြစ်လာခဲ့ပေမယ့် လက်ရှိစစ်မြေပြင် တိုက်ပွဲတွေမှာ ဆုတ်ယုတ်ကျဆုံးမှုတွေ ဖြစ်နေခဲ့တာပါ။

စစ်ဦးစီးချုပ်နေရာ အပြောင်း အလဲဖြစ်မယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေ ရက်အတန်ကြာ ထွက်ပေါ်ခဲ့ပြီးနောက်မှာ တပ်ဖွဲ့ဝင်တွေနဲ့ အများပြည်သူအကြား ရေပန်းစားတဲ့ စစ်ဖက်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဗယ်လာယေး ဇာလူဇင်နီရဲ့ ထမ်းဆောင်ခဲ့မှုတွေအတွက် ကျေးဇူးတင်ရှိပါကြောင်း ဇလန်းစကီက ပြောဆိုခဲ့ပြီး “အပြောင်းအလဲအသစ်အတွက် အချိန်ရောက်ပါပြီ” လို့ ဆိုခဲ့ပါတယ်။

ယူကရိန်းတပ်ဖွဲ့တွေဟာ ဇွန်လက တန်ပြန်ထိုးစစ်တစ်ခုဆင်နွှဲခဲ့ပေမယ့် အရှေ့ပိုင်းနဲ့ တောင်းပိုင်းဒေသတွေမှာ မဆိုစလောက်သာ ရှေးတိုးနိုင်ခဲ့ပြီး ရုရှားတပ်တွေ အင်အားနည်းနေချိန် ကီလိုမီတာ ၁၀၀၀ လောက်ရှိ ရှေ့တန်းမျက်နှာစာ နေရာအများအပြားမှာ ကုန်ကျစရိတ်များစွာနဲ့ ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ပါတယ်။

အနောက်နိုင်ငံတွေထံက စစ်ရေးနဲ့ ဘဏ္ဍာငွေထောက်ပံ့မှု အာမခံချက် မရှိတော့တဲ့အခြေအနေမှာ ကိဗ်ဟာ ရုရှားရဲ့ ဒရုန်းနဲ့ ဒုံးကျည်တိုက်ခိုက်မှုတွေကို ပိုမိုထိတွေ့ရင်ဆိုင်လာရပြီး ယူကရိန်းရဲ့ အရင်းအမြစ်တွေ ဆုံးရှုံးနေခဲ့ပါတယ်။

ဇာလူဇင်နီရဲ့ ကျော်ကြားမှုနဲ့ စိတ်အားထက်သန်သော စစ်သူကြီးအဖြစ် သက်သေပြနိုင်တဲ့ စွမ်းဆောင်ရည်ကြောင့် ဇလန်းစကီက သူ့နေရာကို အစားထိုးဖို့လုပ်နေတယ်ဆိုတဲ့ အချက်ဟာ စစ်မြေပြင်မှာ ချဉ်းကပ်မှုအသစ်လုပ်လိုတဲ့ ဆန္ဒကို ထင်ဟပ်စေပါတယ်။ ရုရှားနဲ့ ပဋိပက္ခ လအတော်ကြာ ရပ်တန့်လုနီးပါးဖြစ်နေချိန် စိတ်ဓါတ်မြှင့်တင်ရေး လိုအပ်ချက်အရ စစ်တပ်ကို ဦးဆောင်ဖို့ ယူကရိန်း ကြည်းတပ် ဦးစီးချုပ် ဗိုလ်မှူးချုပ် အိုလက်ခ်ဆန်ဒါ ဆိုင်ယာစကီးကို ဇယ်လင်စကီက အစားထိုးခန့်အပ်လိုက်တာဖြစ်ပါတယ်။

ဆိုင်ယာစကီးဟာ စစ်ပွဲအစောပိုင်းကာလက မြို့တော်ကို ကာကွယ်ရာမှာ ကြီးကြပ်ခဲ့မှုအပါအဝင် စစ်ပွဲအတွင်း ယူကရိန်းရဲ့ ကြီးမားတဲ့အောင်မြင်မှုတွေမှာ အရေးပါခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

Ref: CNA,AP


LEAVE A REPLY

Please enter your comment!
Please enter your name here