အာရှအမျိုးသမီးယူ-၂၀ ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးဒိုင်လူကြီး ဒေါ်ဝင့်ဝါထွန်း တာဝန်ပေးအပ်ခံရ

0
156

အာရှအမျိုးသမီးယူ-၂၀ ပြိုင်ပွဲတွင် မြန်မာအမျိုးသမီးဒိုင်လူကြီး ဒေါ်ဝင့်ဝါထွန်းသည် အကူဒိုင်အဖြစ် တာဝန်ပေးအပ်ခံရကြောင်း ဘောလုံးအဖွဲ့ချုပ်ထံမှ သိရသည်။

အာရှအမျိုးသမီး ယူ-၂၀ AFC U20 Women’s Asian Cup Uzbekistan 2024 ဥဇဘတ်ကစ္စတန်နိုင်ငံမှ အိမ်ရှင်အဖြစ် လာမည့် ဖေဖော်ဝါရီလ (၂၈) ရက်မှ မတ်လ (၁၇) ရက်အထိ လက်ခံကျင်းပမည်ဖြစ်ပြီး မြန်မာအမျိုးသမီး အကူဒိုင်လူကြီး ဖြစ်သူ ဒေါ်ဝင့်ဝါထွန်းသည် တာဝန်ပေးအပ်ခံခဲ့ရခြင်းဖြစ်သည်။

အသက်(၂၉) နှစ် အရွယ်ရှိ ဒေါ်ဝင့်ဝါထွန်းသည် (၂၀၁၇) ခုနှစ်တွင် အကူဒိုင်လူကြီးအဖြစ် စတင်ဆောင်ရွက်ခဲ့ပြီး (၂၀၂၀) ပြည့်နှစ်တွင် ဖီဖာအဆင့် အကူဒိုင်လူကြီးဖြစ်လာခဲ့သူဖြစ်ကြောင်း သိရသည်။

သူမသည် မြန်မာနိုင်ငံကိုယ်စားပြု အမျိုးသမီး အကူဒိုင်လူကြီးအဖြစ် အာဆီယံအဆင့် AFF ပြိုင်ပွဲ (၂) ကြိမ်နှင့် အာရှအဆင့် AFC ပြိုင်ပွဲ (၃) ကြိမ် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကာ ယခု ပြိုင်ပွဲသည် သူမအတွက် (၄) ကြိမ်မြောက် AFC ပြိုင်ပွဲဖြစ်ကြောင်းလည်း သိရသည်။

Photo – MFF


LEAVE A REPLY

Please enter your comment!
Please enter your name here