လူငယ်ဖွံ့ဖြိုးရေး နည်းစနစ် ဒါရိုက်တာနေရာနှင့် မြန်မာ ယူ ၁၆ နည်းပြချုပ်အဖြစ် ဂျပန်နည်းပြ MITA ကို ခန့်အပ်

0
619

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် လူငယ်ဖွံ့ဖြိုးရေး နည်း စနစ် ဒါရိုက်တာနေရာနှင့် မြန်မာ ယူ ၁၆ နည်းပြချုပ် အဖြစ် ဂျပန်နည်းပြ MITA ကို ခန့်အပ်လိုက်ပြီဖြစ်ကြောင်း သိရသ ည်။

အဖွဲ့ချုပ်သည် ဂျပန်နည်းပြ MITA ကို လူငယ်ဖွံ့ဖြိုးရေး န ည်းစနစ် ဒါရိုက်တာအဖြစ်သာမက မြန်မာ ယူ ၁၆ အသင်းနည်းပြချုပ်နေဖြင့်ပါ (၂)နှစ်ကြာ တာဝန်ယူရန် သဘောတူညီမှုရထားကြောင်း သိရသည်။

ဂျပန်နည်းပြ MITA သည် လက်ရှိအချိန်တွင် အထက်မြန်မာပြည်နဲ့ အောက်မြန်မာပြည် ယူ ၁၅ ပြိုင်ပွဲမှ ထူးချွန်ကစား သမားများကို စမ်းသပ်နေပြီး မကြာခင်အချိန်အတွင်း ယူ ၁၆ အသင်းဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။

ဂျပန်လူမျိုးနည်းပြ MITA အနေဖြင့် ပြည်တွင်းနည်းပြများနှင့် ပူးပေါင်းပြီး လူငယ်အသင်းများ ဖွဲ့စည်းတာဝန်ယူသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် အနေဖြင့် ရက်ပို င်းအတွင်း တရားဝင် စာချုပ်ချုပ်ဆိုပွဲနှင့် သတင်းစာရှင်း လင်းပွဲ ပြုလုပ်ကာ ခန့်အပ်တာဝန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here