ဆီကြမ်း တန်ချိန် ၉၀၀၀ နှင့် ဆီချောတန်ချိန် ၆၃၀၀ ထုတ် လုပ်နိုင်မည့် ဖွဲနုဆီနှင့် စားသုံးဆီထုတ်လုပ်ရေးစက်ရုံ နေပြ ည်တော်တွင်တည်ဆောက်မည်

0
178

နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် ဆီကြမ်း တန်ချိန် ၉၀၀၀ နှင့် ဆီချော တန်ချိန် ၆၃၀၀ ထုတ်လုပ်နိုင်မည့် ဖွဲနုဆီ နှင့် စားသုံးဆီထုတ်လုပ်ရေးစက်ရုံ တည်ဆောက်မည်ဖြစ် ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဖွဲ့စည်းထူထောင်ထားသော Myanmar Rice Bran Oil Co., Ltd(MRBO)၏ ဖွဲနုဆီနှင့် စားသုံးဆီထုတ်လုပ်ရေးစ က်ရုံ တည်ဆောက်ရေးလုပ်ငန်းများ စတင်ဆောက်ရွက်သ ည့် မင်္ဂလာအခမ်းအနားကို နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ MAPCO ဆန်စက်ဝန်းတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ (၇) ရ က်က ကျင်းပပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

ယခုစတင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ဖွဲနုဆီကြမ်း၊ ဆီချောနှင့် စားသုံးဆီ ထုတ်လုပ်ရေး စက်ရုံ (ပြည် ထောင်စုနယ်မြေ)သည် တစ်နှစ်လျှင် ဆီကြမ်း တန်ချိန် ၉၀ ၀၀ နှင့် ဆီချောတန်ချိန်၆၃၀၀ ခန့်ကို ထုတ်လုပ်နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဖွဲနုဆီ ၊ ဆီကြမ်းနှင့် ဆီချော (Refinery) ပါဝင်သည့် စက်ရုံဖြစ်သည်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် အလားတူ ဖွဲနုဆီနှင့်စားသုံးဆီထုတ်လုပ်ရေး အစီအစဉ်များကို ဆက်လက်တိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here