လီဆာ က Lloud အမည်ဖြင့် ကိုယ်ပိုင်အေဂျင်စီတည်ထောင်

0
215

ဆိုးလ်၊ဖေဖော်ဝါရီ ၉

ထိုင်းနိုင်ငံသူတစ်ဦးဖြစ်ပြီး Blackpink အဖွဲ့ဝင်တစ်ဦးဖြစ်သူ လီဆာသည် ၎င်းကိုယ်ပိုင်အေဂျင်စီတစ်ခုကိုတည်ထောင်လိုက်ပြီး Lloud ဟုအမည်ပေးထားကြောင်းသိရသည်။

လီဆာက “ဂီတနဲ့ဖျော်ဖြေရေးအပိုင်းတွေမှာ လီဆာ့ရည်ရွယ်ချက်ကိုဖြည့်ဆည်းပေးမဲ့ Lloud လို့ အမည်ရတဲ့ အေဂျင်စီနဲ့ပရိသတ်ကိုမိတ်ဆက်ပေးချင်ပါတယ်၊ဆက်လက်ပြီး ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ နယ်မြေအသစ်တွေကို အတူတူဖြတ်ကျော်ကြရအောင်ပါ” ဟုပြောကြားခဲ့သည်။

Lloud ၏ တရားဝင်ဝက်ဘ်ဆိုက်တွင်မူ “အနုပညာရှင်စီမံခန့်ခွဲမှုုကုမ္ပဏီတစ်ခုအနေနဲ့ ကျွန်တော်တို့ဟာ အနုပညာအမျိုးအစားများကိုဖန်တီးပြီး ကုမ္ပဏီရဲ့အဓိကရည်ရွယ်ချက်ကလည်း မဆုတ်နစ်တဲ့ဆန်းသစ်တီထွင်မှုနဲ့ အနုပညာစစ်မှန်မှုအပေါ်မှာတည်ရှိပါတယ်” ဟုဖော်ပြထားသည်။

လီဆာ က Lloud ကိုယ်ပိုင်အေဂျင်စီတည်ထောင်ခြင်းကို တစ်ကမ္ဘာလုံးရှိ ကြော်ငြာဆိုင်းဘုတ်များ၌ တွင်တွင်ကျယ်ကျယ်ကြော်ငြာခဲ့ကြသည်။ လီဆာသည် Blackpink အဖွဲ့တွင် ဂျင်းနီပြီးနောက် ဒုတိယမြောက် ကိုယ်ပိုင်အေဂျင်စီတည်ထောင်သူတစ်ဦးလည်းဖြစ်သည်။

Source : စီအင်န်အေ/အိတ်ချ်ကျူ


LEAVE A REPLY

Please enter your comment!
Please enter your name here