ဖိလစ်ပိုင်အနေဖြင့် ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ မီးနှင့်ကစားခြင်းမပြုရန်တရုတ်သတိပေး

0
203

မနီလာ၊ဖေဖော်ဝါရီ ၉

ဖိလစ်ပိုင်အနေဖြင့် ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ ကြိုးကိုင်ခြယ်လှယ်ခံရပြီး ေနာက် ဆုံး၌ ထိခိုက်နစ်နာခြင်းမျိုးမှရှောင်ကြဥ်နိုင်ရန် မီးနှင့်ကစားသကဲ့သို့မပြုလုပ်သင့်ကြောင်း တရုတ်က ပြောကြားခဲ့သည်။

ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး Gilberto Teodoro ၏ Batanes ၌ တပ်ဖွဲ့ဝင်များတိုးမြှင့်ချထားရန် တပ်မတော်အရာရှိများထံ အစီရင်ခံတင်ပြထားသည့်ညွှန်ကြားချက်အပေါ်  တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ဝမ်ဝမ်ဘေးက ယခုကဲ့သို့ မှတ်ချက်ပြု ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး မစ္စတာ Teodoro သည် ထိုင်ဝမ်မှ ကီလိုမီတာ ၂၀၀ ခန့်သာဝေးသော Batanes ကျွန်းများ၌ တပ်ဖွဲ့ဝင်များကို ပိုမိုစုဆောင်းလိုပြီး မနီလာ၏ နယ်မြေကာကွယ်ရေးစွမ်းရည်ကို ခိုင်ခံ့စေလိုခဲ့ခြင်းလည်းဖြစ်သည်။

မစ္စတာ ဝမ်ဝမ်ဘေးကမူ ” “ထိုင်ဝမ်ပြဿနာဟာ တရုတ်ရဲ့အဓိကအချက်ဖြစ်ပြီး ဖြတ်ကျော်လို့မရတဲ့ အရေးကြီး အနီရောင်အဆင့်မျဉ်းသတ်မှတ်ထားတဲ့အရာဖြစ်‌ကြောင်းထပ်ပြီး အလေးပေးပြောကြားလိုပါတယ်” ဟုလည်းသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ပြည်နယ်တစ်ခုဖြစ်ကြောင်း ပေကျင်းကယူဆထားသကဲ့သို့ ဖိလစ်ပိုင်သည်လည်း တရုတ်တစ်ပြည်တည်းမူဝါဒကိုလိုက်နာကြောင်းကို ဇန်နဝါရီလကထပ်လောင်းပြောကြားခဲ့သည်။

“ဖိလစ်ပိုင်က သက်ဆိုင်ရာပါတီတွေအနေနဲ့ ဒီအချက်ကို ရှင်းရှင်းလင်းလင်းနားလည်ပြီး ဂရုတစိုက်လိုက်နာဖို့လိုပါတယ်” ဟုလည်း မစ္စတာဝမ်ကပြောကြားခဲ့သေးသည်။

Source : သည်မနီလာတိုင်းမ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here