လုံးချင်းအိမ်ရာ စီမံကိန်းရှိသော ချင်းမိုင်နှင့် ဖူးခက်တို့တွင်မြန်မာများ ဝယ်ယူရန်ပြင်ဆင်မှုများရှိနေ

0
143

မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင်သာမက လုံးချင်းအိမ်ရာ စီမံကိန်းရှိသော ချင်းမိုင်နှင့် ဖူးခက်တို့တွင် ဝယ်ယူရန်ပြင်ဆင်မှုများရှိနေကြောင်း Colliers Thailand ၏ အကြံပေးလက်ထောက်မန်နေးဂျင်း ဒါရိုက်တာ Mr. Karlo Porbe ၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံသားများအနေဖြင့် ချင်းမိုင်တွင် ၁ ယူနစ်လျှင် ဘတ် ၂၀ သန်းမှ ၃၀ သန်း တန်ဖိုး ရှိသော လုံးချင်းအိမ်များနှင့် ဖူးခက်ရှိ Laguna  နှင့် Bangtao ကမ်းခြေနေရာများရှိ ဘတ် ၄၀ သန်းတန် ဗီလာများကို စိတ်ဝင်စားလျက်ရှိကြော င်း သိရသည်။

မြန်မာဝယ်လက်များသည် ကိုယ်တိုင်နေထိုင်ရန်၊ သားသမီးများ၏ ပညာရေးနှင့် ကိုယ်တိုင်ကျန်းမာရေး ကုသမှုအတွက် နေထိုင်ရန် ဘန်ကောက်တွင်သာ ဝယ်ယူမှုရှိကြောင်း သိရသည်။

အလားတူ ဆေးရုံနှင့် ဈေးဝယ်စင်တာများနှင့် နီးစပ်သော Thong Lor၊ Asok၊ Phrom Phong၊ Nana နှင့် Phloenchit အနီးတစ်ဝိုက်၊ ကျောင်းများနှင့် မြန်မာသံရုံးနှင့် နီးစပ်သော Sathon နှင့် Silom အနီးတစ်ဝိုက်တွင်လည်း စိတ်ဝင်စားမှုရှိကြောင်း သိရသည်။

မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းပိုင်ဆိုင်မှုများတွင် ရင်းနှီး မြှုပ်နှံခြင်းသည် မိခင်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံခြင်းထက် ပိုမိုစိတ်ချရသည်ဟု ယုံကြည်မှုများရှိနေသလို မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများရှိသော်လည်း ထိုင်းနိုင်ငံကို နေ ထိုင်ရာ ဒုတိယအိမ်အဖြစ် သတ်မှတ်လာကြကြောင်း ၎င်းကသုံးသပ်ထားသည်။

Ref: ဘန်ကောက်ပို့စ်


LEAVE A REPLY

Please enter your comment!
Please enter your name here