အင်းစိန်မြို့နယ် ဆရာတော်ကြီးဘုရားကျောင်းဝင်းအတွင်း ရပ်ထားသည့် ကား (၁) စီး မီးလောင်မှုဖြစ်ပွား

0
180

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ဆရာတော်ကြီး ဘုရားကျောင်းဝင်းတွင် ရပ်ထားသည့် ကား (၁) စီး မီးလော င်မှု ယနေ့ နံနက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အင်းစိန်မြို့နယ်၊ ရွာမအနောက်ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ဆရာတော်ကြီးဘုရား ဘုန်းကြီးကျောင်းဝန်း အတွင်း ရပ်ထားသည့် ယာဉ်(၁) စီး ယနေ့ ဖေဖော်ဝါရီ (၁၀)ရက် နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားခြင်းဖြစ်ကြော င်း တွဲလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။

“ရပ်ထားတဲ့ကားကမီးထလောင်တာပါ အင်ဂျင်ခန်းက လော င်တာပါ၊ ဝါယာရှောဖ့်လို့ သုံးသပ်ထားပါတယ်၊ အင်ဂျ င်ခန်းမီးလောင်တယ်၊ ကားလေကာမှန်ကွဲတယ်၊ ကားခေါင်းပိုင်အ နည်းငယ်လောင်ပါတယ်” ဟု တွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

မီးလောင်မှုဖြစ်စဥ်ကြောင့် အင်းစိန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် (၂) စီး နှင့် အတူ တွဲလက်လူမှုကူညီရေးအ သင်းမှ အရေးပေါ် လူနာတင်ယာဉ်တစ် စီး နှင့် လိုအပ် သည်များ သွားရောက်ကူညီဆောင်ရွက်ရာ ၁၀ နာရီ ၂၄ မိနစ် အ ချိန်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

ဓာတ်ပုံ- တွဲလက်လူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here