ရူပီး – ကျပ် တိုက်ရိုက်ငွေပေးချေမှုလုပ်ငန်းများ စတင်နိုင်ပြီဖြစ်ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌပြော

0
132

အိန္ဒိယ – မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတွင် Special Rupee Vostro Account (SRVA) ကိုအသုံးပြု၍ ငွေပေးချေမှုလုပ်ငန်းစဉ်များဆိုင်ရာ လမ်းညွှန်ချက် အား ထုတ်ပြန်ပြီးဖြစ်သည့်အတွက် ငွေပေးချေမှုများ စတင်နိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောသည်။

နှစ်နိုင်ငံ ကုန်သွယ်မှုတွင် ရူပီး၊ ကျပ်တိုက်ရိုက်ငွေပေးချေမှုလုပ်ငန်း စတင်ဆောင်ရွက်ခြင်းနှင့် စပ်လျ ဉ်း၍ ရှင်းလင်းဆွေးနွေးပွဲ အခမ်း အနားကို ဖေဖော်ဝါရီ (၉) ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ရွှေဘုံသာလမ်းနှင့် ကုန်သ ည်လမ်းထောင့်ရှိ အိန္ဒိယစင်တာ၌ ကျင်းပခဲ့ပြီး ယင်းအခမ်း အနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဥက္ကဋ္ဌက အိန္ဒိယ – မြန်မာနှစ်နိုင်ငံ ကုန်သွယ်မှုတွင် ရူပီး – ကျပ် တိုက်ရိုက်ပေးချေမှုကို အကောင် အထည်ဖော်ဆောင်ရွက်ရာ၌ နှစ်နိုင်ငံအကြား သံတမန်လမ်းကြောင်းမှတဆင့် အိန္ဒိယနိုင်ငံသံရုံးနှင့်လည်း ကောင်း၊ အိန္ဒိယနိုင်ငံ ဗဟိုဘဏ် (RBI)နှင့်လည်းကောင်း ဆွေးနွေး ညှိနှိုင်းမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

“အိန္ဒိယ – မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုတွင် (SRVA) ကို အသုံးပြု၍ ငွေပေးချေမှုလုပ် ငန်းစဉ်များဆိုင်ရာ လမ်းညွှန်ချက်” အား ထုတ်ပြန်ပြီးဖြစ်သည့်အတွက် ပေးချေမှုများ စတင်နိုင်ပြီဖြစ်ကာ အကျိုးကျေးဇူးအနေဖြင့် ငွေပေးချေမှုများ အားကောင်းလာပြီး တိုင်းပြည်စီးပွားရေးကို အထောက်အကူပြုစေနိုင်မည်ဖြစ်သည့်အပြင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကောင်းမွန်လာစေခြင်း အကျိုးကျေးဇူးများရရှိစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိက ကုန်သွယ်ဖက်နိုင်ငံများတွင်ပါဝင်ပြီး မြန်မာနိုင်ငံမှ စတုတ္ထမြောက်ပို့ကုန် အများဆုံးတင်ပို့သည့် နိုင်ငံနှင့် ဆဋ္ဌမမြောက် သွင်းကုန်အများဆုံးတင်သွင်းသည့် နိုင်ငံဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် ကုန်သည်ကြီးများအနေဖြင့် ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုအတွက် ရူပီးဖြင့် လိုင်စင်လျှောက်ပြီး ဘဏ်လမ်းကြောင်း မှတဆင့် တရားဝင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ထို့ပြင် နယ်စပ်ကုန်သွယ်ဖက် နိုင်ငံများဖြစ်သည့် ထိုင်း နှင့် တရုတ် တို့နှင့်လည်း ဘတ် – ကျပ် / ယွမ် – ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ်ကိုလည်း ဆောင်ရွက်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here