မြန်မာ့ထုတ်ကုန်များ ရုရှားနိုင်ငံသို့ တင်ပို့နိုင်ရေးအွန်လိုင်းမှ​ဆွေး​နွေး

0
116

မြန်မာနိုင်ငံမှထွက်ရှိသည့် ထုတ်ကုန်များကို ရုရှားနိုင်ငံသို့ တင်ပို့နိုင်ရေးနှင့် စပ်လျဉ်း၍  Online Business Matching ကျင်းပပြုလုပ်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။

မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့နှင့် ရန်ကုန်မြို့ရှိ ရုရှားကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးတို့ ညှိနှိုင်းကာ Agricultural Products Export from Myanmar to Russia ခေါင်းစဉ်ဖြင့် မြန်မာ – ရုရှား Online Business Matching ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်နေ့၊ နေ့လယ် (၂) နာရီတွင် ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ​ဆွေး​နွေးပွဲ ကို နှစ်နိုင်ငံကုန်သည်လုပ်ငန်းရှင်များအကြား ပထမဆုံးအကြိမ် မြန်မာနိုင်ငံမှ ဦးဆောင်ကျင်းပနိုင်ခဲ့ခြင်းဖြစ်ပြီး နှစ်နိုင်ငံကုန်သည်များအကြား ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် နှစ်နိုင်ငံကုန်သွယ်ရေးကိုယ်စားလှယ် အဖွဲ့များ စေလွှတ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ Online Business Matching သို့ မြန်မာနိုင်ငံဘက်မှ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ နှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်း ၊ မြန်မာနိုင်ငံ ရေထွက် ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း၊ မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူ များအသင်း၊ မြန်မာနိုင်ငံကော်ဖီအသင်းတို့မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြပြီး ရုရှားနိုင်ငံဘက်မှ ရုရှားကုန်သွယ်ရေးကိုယ်စားလှယ် Mr. Vladimir S. Kazadaev က ဦးဆောင်၍ ရုရှားနိုင်ငံရှိ စိုက်ပျိုးရေးလုပ်ငန်း ကုမ္ပဏီများ Virtual စနစ်ဖြင့် ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here