ကမ္ဘောဒီးယားဖိုက်တာကို မြန်မာလက်ဝှေ့စည်းမျဥ်းဖြင့် ပြန်လည်ထိုးသတ်ရန် စိန်ခေါ်လိုက်သည့် အဲမွီ

0
96

မြန်မာ့ရိုးရာ လက်ဝှေ့ကစားသမားတစ်ဦးဖြစ်သည့် အဲမွီသည် ကမ္ဘောဒီးယား ဖိုက်တာကို မြန်မာလက်ဝှေ့စည်းမျဥ်းဖြင့် မကျေပွဲအဖြစ် ပြန်လည်ထိုးသတ်ရန် စိန်ခေါ်လိုက်သည်။

ကမ္ဘောဒီးယားဖိုက်တာ ဖောဆော်ဖုန်းနှင့်အဲမွီ တို့သည် ကမ္ဘောဒီးယား ဖနွမ်းပင်မြို့၌ ဖေဖော်ဝါရီလ (၈) ရက် ညတွင် (၃) မိနစ် (၃) ချီ၊ (၁၂) အောင်စလက်အိတ် ၊ ခွန်ခမာအမှတ် ပေးစည်းမျဉ်းတို့ဖြင့် ထိုးသတ်ခဲ့ကြရာ (၃) မိနစ် (၃) ချီပြည့်သည့်အတွက် အနိုင်အရှုံးမပေါ်ခဲ့ဘဲ ဒိုင်အဆုံးအဖြတ် ခံယူရာတွင် ဒိုင်အမှတ်ဖြင့် ကမ္ဘောဒီးယားဖိုက်တာ ဖောဆော်ဖုန်းက အနိုင်ရရှိခဲ့သည်။

“ဖောဆော်ဖုန်း ခင်ဗျား ထိုးသွားတာ တော်တော်ကောင်းတယ်။ ဒါပေမဲ့ ခင်ဗျားမြန်မာပြည်မှာ မြန်မာရိုးရာလက်ဝှေ့ပွဲနဲ့ မကျေပွဲထိုးဖို့ ကျွန်တော်စိန်ခေါ်တယ်” ဟု အဲမွီက စိန်ခေါ်လိုက်ခြင်းလည်း ဖြစ်သည်။

မြန်မာလက်ဝှေ့ကစားသမားအဲမွီ၏ ကစားဟန်ကို ကမ္ဘောဒီးယားပရိသတ်နှင့် ပွဲစီစဥ်သူများက သဘောကျသည့်အတွက် လာမည့်မတ်လတွင် ကျင်းပမည့် ဖလားလုပွဲ ၆၃.၅ ကီလိုတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရထားသည်ဟုလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here