အင်ဒိုနီးရှား ခြေစမ်းပွဲများတွင် နိုင်ပွဲပျောက်ဆုံးခဲ့သည့် မြန်မာ့လက်ရွေးစင်ဖူဆယ်အသင်း

0
136

အင်ဒိုနီးရှားနိုင်ငံတွင် ခြေစမ်းပွဲများကစားခဲ့သည့် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းအနေဖြင့် နိုင်ပွဲပျောက်ဆုံးခဲ့ကြော င်း သိရသည်။

မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် အင်ဒိုနီးရှားနိုင်ငံတွင် ခြေစမ်းပွဲ (၃) ပွဲကစားခဲ့ရာ (၂) ပွဲရှုံးပြီး (၁) ပွဲ သရေရ လဒ်သာ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ (၇) ရက်တွင် ဖူဆယ်လိဂ်ချန်ပီယံ Bintang Timur Futsal Club အသင်းနှင့် ယှဥ်ပြိုင်ကစားရာ (၁၁) ဂိုး (၁) ဂိုး၊ ဖေဖော်ဝါရီ (၉) ရက်တွင် Bintang Timur Futsal Club အသင်းနှင့် ထပ်မံကစားရာ (၂)ဂိုး ဂိုးမရှိ ဖြင့် ရှုံးနိမ့်ခဲ့ပြီး ယ နေ့ Regional East Java Team နှင့် ယှဥ်ပြိုင်ကစားရာ တစ်ဘက် (၂) ဂိုးစီဖြင့် သရေရလဒ်သာ ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာ့လက်ရွေးစင် ဖူဆယ် အသင်းသည် AFC Futsal Asian Cup 2024 ပြိုင်ပွဲ အတွက် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်နေခြင်းဖြစ်ပြီး အာဖဂန်နစ္စတန် ဖူဆယ် အသင်းနှင့် ရန်ကုန်တွင် ခြေစမ်းပွဲယှဉ်ပြိုင်ကစားဦးမည် ဖြစ်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here