စစ်တွေ – ရန်ကုန် လေယာဉ်လက်မှတ်များရောင်းကုန်​နေ၍ ဧပြီလအတွက်သာဝယ်ယူနိုင်

0
185

စစ်တွေမှ ရန်ကုန်သို့ လာရောက်သူများ ပြားနေ၍ စစ်တွေ – ရန်ကုန် လေယာဉ်လက်မှတ်များသည် ကုန်နေပြီး ဧပြီလမှသာဝယ်ယူရရှိနိုင်တော့မည်ဖြစ်ကြောင်း လေယာဉ်လက်မှတ်အရောင်းဌာနများမှ စုံစမ်းသိရှိရသည်။

” လေယာဉ်လက်မှတ်က မရတော့ဘူး။ အကုန်ပြည့်နေပြီ။ လေးလပိုင်းမှသာ ရတော့မယ်”ဟု လေယာဉ်လက်မှတ်အရောင်းဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ထို့ပြင် စစ်တွေ – ရန်ကုန် လေယာဉ်လက်မှတ်ခနှုန်းထားများမှာ ၃၈၀၀၀၀ ပတ်ချာလည်​လောက် ဖြစ်​နေကြောင်း သိရသည်။

တိုင်းရင်းသားများနှင့် ရခိုင်ပြည်သူအချို့သည် လေကြောင်းမှ နေ့စဉ်နှင့်အမျှ ထွက်ခွာနေပြီး တစ်ရက်လျှင် အနည်း ဆုံး ၅၀၀ နှင့်အထက် ရှိကြောင်း လေကြောင်းလိုင်းများမှ လက်မှတ်အရောင်းဌာနများနှင့် ဒေသတွင်း သတင်းရင်းမြစ်များထံမှ စုံစမ်းသိရသည်။

စစ်တွေ – ရန်ကုန် လေကြောင်းမှာ ပုံမှန်အနေဖြင့် မြန်မာ့လေကြောင်း၊ မန်းရတနာပုံနှင့် Air KBZ တို့ရှိပြီး တစ်ရက်လျှင် (၆) ကြိမ်ဝန်းကျင် ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲစဖြစ်ချိန်မှစ၍ လက်ရှိအချိန်ထိ ကုန်းလမ်း၊ ရေလမ်းအားလုံးကို ပိတ်ထားပြီး လက်ရှိ လေကြောင်းလမ်းတစ်ခုသာ ကျန်ရှိနေခြင်းလည်းဖြစ်သည်။

photo credit – logisticsguide ( ပုံအ‌ဟောင်း)


LEAVE A REPLY

Please enter your comment!
Please enter your name here