နေရပ်ပြန် ဝှေခါဒေသခံ စစ်ရှောင်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် သွားရောက်ထောက်ပံ့လှူဒါန်း

0
107

ယနေ့ ဖေဖော်ဝါရီ(၁၀)ရက်တွင် နေရပ်ပြန် ဝှေခါဒေသခံစစ်‌ ရှောင်ပြည်သူများ ပြန်လည်ထူထောင်ရေးအတွက် သွား ရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်း ဒေသတွင်းစစ်ရှောင်အ ရေးဆောင်ရွက်သူများထံက သိရသည်။

ယနေ့တွင် ဒေသခံပြည်သူများထံသို့ ဖားကန့် ဆိပ်မူကျေး ရွာ(ဆိုင်းတောင်)အခြေစိုက် လူမှုကူညီရေးအဖွဲ့များက စား နပ်ရိက္ခာအချို့ သွားရောက်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။

“‌သူတို့နေရပ်ပြန် ရောက်သွားပေမယ့် လောလောဆယ်မှာ စားဝတ်နေရေး အခက်အခဲရှိနေဦးမှာ။ ဒါ့ကြောင့် သူတို့အ ခြေတကျဖြစ်တဲ့ အထိတော့ တတ်နိုင်သလောက်ထောက် ပံ့ပေးနေကြရဦးမှာဘဲ။ နိုင်ရာကူကြတာပေါ့။ ကိုယ့်ဒေသက လူတွေ ကိုယ်တွေမှ အခုလိုမကူရင် ဘယ်သူကူမလဲ။ အားလုံကိုယ်စွမ်း ဉာဏ်စွမ်းရှိသလောက် ကူညီပေးနေကြတာပေါ့”ဟု ဖားကန့်မြို့ခံတစ်ဦးက ဆိုသည်။

ဖေဖော်ဝါရီ (၈)ရက်နှင့် (၉)ရက်တို့တွင် ဝှေခါကျေးရွာ စစ်ရှောင်များအပါအဝင် အနီးဝန်းကျင်ကျေးရွာများရှိ စစ်ရှော င်ပြည်သူများကိုပါ အသုတ်လိုက်ခွဲ၍ နေရပ်သို့ ပြန်လည် ပို့ ဆောင်ပေးခဲ့ပြီးဖြစ်သည်။

ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းက ဖြစ်ပွားခဲ့သော နှစ်ဖက်ထိတွေ့တိုက်ပွဲများကြောင့် ဒေသခံပြည်သူရာနှင့်ချီ၍ ဖားကန့် ဆိပ်မူကျေးရွာ(ဆိုင်းတောင်)ရှိ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေထိုင်ခဲ့ကြရခြင်းဖြစ်ပြီး လက်ရှိတွင် တိုက်ပွဲအတွင်း ဆုံးရှုံးခဲ့သည်များအတွက် ပြန်လည်ထူထောင်ရေးလုပ်ဆော င်ရန် လိုအပ်နေသေးကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here