မော်လမြိုင်မြို့ အမှတ်(၇)ကျောင်းရှေ့ လမ်းဆုံတွင် ကားနှင့် ဆိုင်ကယ်တို့ တိုက်မိရာမှ ကလေးငယ်အပါအဝင်(၃)ဦးဒဏ်ရာရ

0
199

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အမှတ်(၇) အ.ထ.က.ကျောင်း ရှေ့လမ်းဆုံတွင် ကားနှင့် ဆိုင်ကယ် တိုက်မိရာ ကလေးငယ်(၁) ဦး အပါအဝင် (၃)ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ သိရသ ည်။

ဖေဖော်ဝါရီ (၁၀) ရက်၊ နံနက် (၉)နာရီ (၄၀)မိနစ်အချိန်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး အခင်းဖြစ်နေရာသို့ ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှသွားရောက်ကူညီခဲ့‌ကြောင်း သိရသည်။

ယင်း ဖြစ်စဉ်ကြောင့် အမျိုးသား(၁)ဦး၊ အမျိုးသမီး (၁)ဦးနှင့်၊ ကလေး (၁)ဦး(မစိုးရိမ်ရ) ထိခိုက်ဒဏ်ရာရရှိသဖြင့်ကယ်ဆယ်ရေးအဖွဲ့ကလူနာများအား လိုအပ်သည့် ဆေးကုသမှုလုပ်ဆောင်ပေးပြီး မော်လမြိုင်ဆေးရုံကြီးသို့ ကူညီပို့‌ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here