ကောလင်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ပြီး ပြန်လည် ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်နေဟု နစက သတင်း ထုတ်ပြန်

0
257

KIA နှင့် PDF တို့ ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း ၊ ကောလင်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ပြီး မိုင်းရှင်းလင်းရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း နစက က သတင်းထုတ်ပြန်သည်။

ကောလင်းမြို့အား KIA နှင့် PDF အဖွဲ့များက ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၃ ရက်မှ စတင်ကာ တိုက်ခိုက်ခဲ့ပြီး အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားရပ်တန့်စေရန် ဆောင်ရွက်ခဲ့ပြီး မြို့အား ထိန်းချုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ထိန်းချုပ်ထားသည့် အခြေအနေအား တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ၊ လူငယ် လူလတ်ပိုင်းများပါဝင်သည့် ဒေသကာကွယ်ရေးအဖွဲ့များ၊ ရပ်ရွာ လုံခြုံရေးအဖွဲ့များ စုဖွဲ့ကာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ နောက်ဆုံးပတ်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ တတိယပတ်အထိ လိုအပ်သည့် ပြင်ဆင်စုဖွဲ့မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စုဖွဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၂၇ မှ စတင်ကာ လေကြောင်းပစ်ကူများ ၊ လက်နက်ကြီး ပစ်ကူများဖြင့် ချီတက်တိုက်ခိုက်ခဲ့ရာ ယနေ့ ဖေဖေါ်ဝါရီ (၁၀) ရက်တွင် ကောလင်းမြို့အား အပြီးသတ် ထိန်းချုပ်နိုင်ခဲ့ကြောင်း နစက က သတင်းထုတ်ပြန်ထားသည်။

ထိတွေ့မှုများဖြစ်ပွားစဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး KIA နှင့် PDF များထံမှ လက်နက်ကြီး၊ လက်နက်ငယ်များ၊ ခဲယမ်း၊ ဗုံးသီးများ၊ ရုပ်အလော-င်းအချို့နှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရမိခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် အများပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းခြင်းလုပ်ငန်းများကို နေရာအလိုက်၊ လမ်းများအလိုက် စနစ်တကျ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

ထို့အပြင် ကောလင်းမြို့မှ နေရပ်စွန့်ခွာဒေသခံ ပြည်သူများ ပြန်လည်ဝင်ရောက် နေထိုင်နိုင်ရေးနှင့် အပျက်အစီးများ ဖယ်ရှားရှင်းလင်းပေးခြင်း၊ မိုင်းရှင်းလင်းပေးခြင်း စသည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဒေသခံပြည်သူများနှင့်အတူ အမြန်ဆုံး ဆက်လက်ဆောင်ရွက်ပေးနိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here