မြောက်ကိုရီးယားကိုအင်အားသုံးလာပါက တောင်ကိုရီးယားကို အပြီးသတ်ချေမှုန်းမည်–ကင်မ်ဂျုံအန်း

0
157
This undated picture taken by North Korea's official Korean Central News Agency (KCNA) and released on January 10, 2024 shows North Korean leader Kim Jong Un (C) inspecting a major munitions factory to learn about the production of weapons and equipment at an undisclosed location in North Korea. (Photo by KCNA VIA KNS / AFP)

ပြုံယမ်း၊ဖေဖော်ဝါရီ ၁၀

ကိုရီးယားနှစ်နိုင်ငံအကြား ဆက်ဆံရေးေလျာ့ကျလာသည်နှင့်အမျှ မြောက်ကိုရီးယားသည် တောင်ကိုရီးယားအနေဖြင့် ၎င်းအပေါ်ဖိအားပေးအင်အားသုံးလာပါက တောင်ကိုရီးယားကို အပြီးသတ်ချေမှုန်းသွားမည်ဟုပြောကြားခဲ့သည်။

နျူလက်နက်ပိုင်ဆိုင်ထားသည့် မြောက်ကိုရီးယားသည် ယခုနှစ်အတွင်း တောင်ကိုရီးယားကို ၎င်း၏ “အဓိကရန်သူ” ဟု ကြေငြာခဲ့ပြီး ပြန်လည်ပေါင်းစည်းရေးအတွက်ရည်မှန်းဖွဲ့စည်းထားသော အေဂျင်စီများကိုပါပိတ်ပစ်ကာ ၀ ဒသမ ၀၀၁ မီလီမီတာမျှပင်နယ်မြေမကျူးကျော်ရန်နှင့် ယင်းပမာဏခန့်ကျူးကျော်လာလျှင်ပင် စစ်ဖြစ်လိမ့်မည်ဟုခြိမ်းခြောက်ခဲ့သည်။

ရန်သူက လက်နက်ကို ရဲရဲတင်းတင်း အသုံးပြုလာနေပြီဆိုပါက သမိုင်းကိုပြောင်းပစ်ပြီး ရှိသမျှအင်အားစုစည်းလျက် အဆုံးသတ်အပြတ်တိုက်ထုတ်သွားမည်ဖြစ်ကြောင်းလည်း ကင်မ်ကပြောကြားခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာ KCNA ၌ဖော်ပြထားသည်။

မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအန်းသည် နိုင်ငံ့တပ်မတော်ထူထောင်ခြင်းနှစ်ပတ်လည်အခမ်းအနား၌ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးကမူ မြောက်ကိုရီးယားအနေဖြင့် ဟန်တပြပြနှင့်စစ်ရေးကြွနေပါက အဆုံးသတ်၌ ကင်မ်သည် ၎င်း၏အချုပ်အခြာအာဏာကို လက်လွှတ်ရလိမ့်မည်ဟုလည်းပြောကြားခဲ့သည်။

Source : AI Arabiya English


LEAVE A REPLY

Please enter your comment!
Please enter your name here