လှောင်လက်များ အဝယ်များခြင်းကြောင့် ပို့ကုန်ပဲများဈေးတက်လာ

0
171

အိန္ဒိယနိုင်ငံမှ ပဲတင်သွင်းခွင့်ကို ၂၀၂၅ ခုနှစ်၊ မတ်လအထိတိုးမြှင့်ထားခြင်းကြောင့် လှောင်လက်များမှ အဝယ်များလာကာ ပို့ကုန်ပဲများဈေးတက်လာကြောင်း ပဲဈေးကွက်အတွင်းမှ သိရသည်။

ပြည်ပပို့ကုန်ပဲများမှာ တရုတ်နှင့်အိန္ဒိယမှ ဝယ်လိုအားကြောင့် အမြင့်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ကျန်ပဲများဖြစ်သည့် ပြည်တွင်းသုံးပဲများမှာ ပုံမှန်အရောင်းအဝယ်ဖြစ်နေပြီး ဈေးငြိမ်နေကြောင်း သိရသည်။

ပို့ကုန်ပဲများဖြစ်သည့် ပဲစဉ်းငုံသီးနှံအနေဖြင့် ပေါ်စမှာပင်ဈေးကောင်းရနေပြီး ယခုအချိန်တွင် ပေါ်စထက်ဈေးပိုရနေကာ မတ်ပဲနှင့်ပဲတီစိမ်းမှာလည်း အလားတူဈေးကောင်းရနေခြင်းဖြစ်သည်။

လက်ရှိတွင် ပဲစဉ်းငုံ (၂၀)ပိသာတစ်တင်းလျှင် ဒီဇင်ဘာလတွင် ကျပ်(၉၀၀၀၀)ကျော်၊ ဇန်နဝါရီလတွင် ကျပ်(၁၀၀၀၀၀) ကျော်၊ ဖေဖေါ်ဝါရီလဆန်းတွင် ကျပ် (၁၃၀၀၀၀)ကျော်ထိ အမြင့်ဆုံးဈေးဖြင့် အရောင်းအဝယ်ဖြစ်နေပြီး မတ်ပဲ(၂၀)ပိသာတစ်တင်းလျှင် ဒီဇင်ဘာလတွင် ကျပ်(၉၀၀၀၀) ကျော်၊ ဇန်နဝါရီလတွင် ကျပ်(၉၅၀၀၀)ကျော်၊ ဖေဖေါ်ဝါရီလဆန်းတွင် ကျပ်(၁၀၀၀၀၀)ကျော်ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

ထို့အပြင် ပဲတီစိမ်း(၂၀)ပိသာတစ်တင်းလျှင် ဒီဇင်ဘာလတွင် (၆၀၀၀၀)ကျပ်ကျော်၊ဇန်နဝါရီလတွင် (၇၀၀၀၀)ကျပ်၊ ဖေဖေါ်ဝါရီလဆန်းတွင် ကျပ်(၇၈၀၀၀)ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်တွင် ပြည်ပပဲတင်ပို့မှုမှ ကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံခန့်အထိ ရရှိရန် ခန့်မှန်းထားပြီးဆယ်လတာကာလအတွင်း  ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၈ ဘီလီယံကျော်ရရှိ‌ထားပြီးဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ပျမ်းမျှတန်ချိန် ၂ သန်းခန့် ရှိပြီး အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၇ ဘီလီယံ အထိ နိုင်ငံခြားဝင် ငွေရရှိခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here