မြစ်ကြီးနားတွင် နာရီပိုင်းအတွင်း မီး (၂) ကြိမ် လောင်ကျွမ်းမှုဖြစ်ပွား

0
192

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ လယ်ကုန်းရပ်ကွက်၊မလိယမ်းလမ်းရှိ နေအိမ်များတွင် မီးလောင်မှုတစ်ခု ဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။    

ဖေဖော်ဝါရီ (၁၂) ရက် နံနက် အစောပိုင်း (၂)နာရီ (၂၅)မိနစ်အချိန်ခန့်က မြစ်ကြီးနားမြို့နယ်၊ လယ်ကုန်းရပ်ကွက်၊ မလိယမ်းလမ်းရှိ နေအိမ်များ မီးလောင်မှုဖြစ်ပွားကြောင်းသတ င်း အရ မြစ်ကြီးနားခရိုင် မီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။ 

ထိုသို့ ငြှိမ်းသတ်ရာ နံနက် (၂)နာရီ (၃၉)မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးလောင်မှု အကြောင်းရင်းနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှု အသေးစိတ် စာရင်းများကို မီးသတ်တပ်ဖွဲ့မှ တွက်ချက် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ဖေဖောဝါရီ (၁၁) ရက်၊ ညနေ (၅)နာရီအချိန်ခန့်ကလည်း ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ တပ်ကုန်းရပ်ကွက်၊ စံပြလမ်းတွင် နေအိမ်မီးလောင်မှုဖြစ်ပွားရာ မြစ်ကြီးနားခရိုင် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ညနေ (၅)နာရီ၊ မိနစ် (၂၀)အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ (၂) ရက်၊ ည (၆)နာရီခွဲအချိန်ခန့်ကလည်း က ချင်ပြည်နယ် မြစ်ကြီးနားခရိုင်၊ တနိုင်းမြိုနယ်၊ ဆွတ်ငိုင်ရပ်ကွ က်၊ လမ်းသွယ်(၂)နှင့် (၃)ကြားတွင် မီးလောင်မှုဖြစ်ပွားရာ တနိုင်းမြိုနယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ သ န္ဓေမီးသတ်တပ်ဖွဲဝင်များ၊ အရန်မီးသတ်တပ်ဖွဲဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here