ပြည် – အောင်လံ ကားလမ်းမပေါ် နဖားအင်းရွာအနီးတွင် ကားနှင့် ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ် မောင်းနှင်လာသူ အမျိုးသား အသက်ဆုံးရှုံး

0
124

ပဲခူးတိုင်းဒေသကြီး၊ အနောက်ပိုင်း ပြည် – အောင်လံကားလမ်းမပေါ်ရှိ နဖားအင်းကျေးရွာအနီးတွင် ကားနှင့် ဆိုင်ကယ်တိုက်မိခဲ့ရာ ဆိုင်ကယ် မောင်းနှင်လာသူ အမျိုးသားမှာ ဆေးရုံသို့အရောက်တွင် အသက်ဆုံးရှုံးခဲ့ကြောင်း မြန်မာ နိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ သိရသည်။

ဖေဖော်ဝါရီ (၁၁)ရက်၊ ည (၇) နာရီခွဲအချိန်ခန့်က နဖားအင်းရွာအနီး ကားနှင့် ဆိုင်ကယ်တိုက်မိရာ အမျိုးသား တစ်ဦး ဦးခေါင်းကွဲ၍ ပြင်းထန်ဒဏ်ရာရများရနေသဖြင့် အရေးပေါ် လာရောက် ကူညီပေးပါရန် ဆက်သွယ် အကြောင်းကြားချ က်အရ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)မှ သွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။

“ကားကို ဆိုင်ကယ်ကနေ အနောက်ကဝင်တိုက်တာ အမျိုးသားတစ်ဦး ခေါင်းကွဲလို့ ပြင်းထန်ဒဏ်ရာရတွေ ရနေလို့ အ ရေးပေါ် လာရောက်ကူညီပေးဖို့ အကြောင်းကြားလို့ သွား ရောက်ကူညီခဲ့တာပါ။ အရေးပေါ် လိုအပ်တဲ့ ကုသကူမှု တွေလုပ်ပေးပြီး ဆေးရုံရောက်တော့ အသက်ဆုံးရှုံးသွားတယ်။ ရင်ခွဲရုံကို ပို့ပေးခဲ့ရတယ်ပေါ့နော်။”ဟု အသင်းက ဆိုသည်။

ဖြစ်စဉ်ကြောင့် အခင်းဖြစ်ပွားရာနေရာမှ ဦးခေါင်းကွဲ (သွေးထွက်လွန်) အမျိုးသားလူနာ (စိုးရိမ်ရ)အား မြေပြင်အရေးပေါ် လိုအပ်သည်များကို ကုသပြုစုကူညီပေးပြီး ပြည်မြို့ ကုတင် (၅၀၀) ဆေးရုံကြီး အရေးပေါ် ဌာနသို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်) ပရဟိတပါရမီမှ အရေးပေါ်ယာဉ်ဖြင့် ပို့ဆောင်ကူညီပေးခဲ့ရာ ၎င်းအမျိုးသား လူနာမှာ ဆေးရုံကြီး အရေးပေါ်ဌာနတွင် သေဆုံးသွားသဖြင့် ရင်ခွဲရုံသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here