ယနေ့ နံနက်ပိုင်းတွင် ထီးလင်းနှင့် ဖျာပုံ၌ အင်အား အနည်းငယ်ရှိ မြေငလျင်များလှုပ်ခတ်

0
153

မကွေးတိုင်း ဂန့်ဂေါခရိုင်၊ထီးလင်းမြို့နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံမြို့နယ်တွင် ယနေ့ ဖေဖော်ဝါရီ (၁၂)ရက် နံနက်အစောပိုင်းက မြေငလျင်များ လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာစံတော်ချိန် မနက် ၃ နာရီ၊ ၁၈ မိနစ်၊ ၄၈ စက္ကန့်တွင် ဟားခါးမြေငလျင်စခန်း၏ အရှေ့တောင်ဘက် ၇၆ မိုင် ခန့်အကွာ၊ မြန်မာပြည်တွင်း ထီးလင်းမြို့ အနောက်တောင်ဘ က် ၁၂ မိုင် ခန့်အကွာ အနက် ၄၉ ကီလိုမီတာကို ဗဟိုပြီး အင်အားရစ်ချ်တာစကေး ၄ ဒသမ ၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသည့် မြေငလျင်လှုပ်ခတ်သွားကြောင်း သိရသည်။

အလားတူ မြန်မာစံတော်ချိန် ၀၀ နာရီ၊ ၂၈ မိနစ်၊ ၂၆ စက္ကန့်တွင် ကမ္ဘာ‌အေးမြေငလျင်စခန်းမှ အရှေ့တောင်ဘက် ၇၆ မိုင်ကွာဝေးသည့် မြန်မာ့ပင်လယ်ပြင်၊ ဖျာပုံမြို့ အရှေ့တော င်ဘက် ၆၇ မိုင်ခန့်အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်ချ် တာစကေး ၄ ဒသမ ၂ ရှိ အင်အားအ နည်းငယ်ရှိသည့် မြေငလျင်လှုပ်ခတ်သွားကြောင်းလည်း သတင်းထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here