ဇန်နဝါရီလတွင် လုပ်သားစေလွှတ်မှုစာရင်း ပေးပို့ခြင်းမရှိသည့် အေဂျင်စီ (၃၀) ကျော်ရှိ

0
97

ပြီးခဲ့သည့် ဇန်နဝါရီလတွင် ပြည်ပသို့ လုပ်သားစေလွှတ်မှုစာရင်းပေးပို့ခြင်းမရှိသည့် အေဂျင်စီ (၃၀) ကျော်ရှိကြောင်း အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၏ ပေးပို့ထားသည့်စာရင်းများအရ သိရသည်။

လအလိုက်ပြည်ပသို့ စေလွှတ်လိုက်သည့် အလုပ်သမားဦးရေစာရင်းကို ပေးပို့ရန် ပျက်ကွက်သည့် အေဂျင်စီများကိုကာလအကန့်အသတ်ဖြင့် လိုင်စင်ပိတ်သိမ်းအရေးယူမည်ဟု အသိပေးထားပြီးလည်း ဖြစ်သည်။

ပြည်ပအလုပ်အကိုင် အေဂျင်စီများအနေဖြင့်လစဥ်စေလွှတ်ထားသည့် အလုပ်သမားဦးရေ စာရင်းကို မဖြစ်မနေပေးပို့ရန်နှင့် စေလွှတ်နိုင်သူမရှိပါကလည်း မရှိသည့်အကြောင်းတင်ပြရန် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ကြေညာထားသော်လည်း ပြီးခဲ့သည့် ဇန်နဝါရီလက အလုပ်သမားဦးရေစာရင်းပေးပို့ရန် ပျက်ကွက်သည့် ပြည်ပအလုပ်အကိုင်အေဂျင်စီ ၃၄ ခုရှိကြောင်း သိရသည်။

လက်ရှိတွင် ပြည်ပသို့ အလုပ်သမား စေလွှတ်ခွင့်ရထားသည့် အေဂျင်စီ ၅၀၀ ကျော်ရှိပြီး လစဥ်လုပ်သားဦးရေ ထောင်နှင့်ချီ ပို့ဆောင်နေကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here