နာဂဒေသအပါအဝင် စစ်ကိုင်းတိုင်းဒေသကြီး ခရိုင်မြို့များတွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပ

0
157

နာဂဒေသအပါအဝင် စစ်ကိုင်းတိုင်းဒေသကြီး ခရိုင်မြို့များတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခန်းအနားများကို ယနေ့ ဖေဖော်ဝါရီလ (၁၂)ရက် နံနက်ပိုင်းက ကျင်းပခဲ့ကြသည်။

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အခန်းအနားများကို နာဂဒေသ လဟယ်မြို့၊ ဟုမ္မလင်းမြို့၊ စစ်ကိုင်းမြို့၊ ရွှေဘိုမြို့၊ကသာမြို့၊ ကန့်ဘလူမြို့၊ ရေဦးမြို့၊ ယင်းမာပင်မြို့၊ ဆားလင်းကြီးမြို့စသည်တို့တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

ကျင်းပသည့်အခမ်းအနားများတွင် တက်ရောက်လာသူများကနိုင်ငံတော် အလံအလေးပြုကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် ပြည်ထောင်စုနေ့သဝဏ်လွှာကို သက်ဆိုင်ရာတာဝန်ရှိသူ အသီးသီးက ဖတ်ကြားခဲ့ကြသည်။

ထို့နောက် သက်ဆိုင်ရာ ဒေသများအလိုက် ကျင်းပသော (၇၇) နှစ် မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ၊စိတ် ကြိုက်ပန်းချီ ပြိုင်ပွဲနှင့် လူရည်ချွန် နှစ်ထပ်ထူးချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့‌နောက် တက်ရောက်လာကြသူများအား သက်ဆိုင်ရာမြို့ နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၎င်းဌာနမှ ထုတ်ဝေသည့် (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို  ဖြန့်ဝေပေးခဲ့ကြကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here