ပြည်မြို့ ဗိုလ်ချုပ်လမ်းပေါ်တွင် ကားတစ်စီးမှ ဆိုင်ကယ်အား ဝင်တိုက်မိပြီး မောင်းနှင်ထွက်ပြေး၊ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသား ထိခိုက်ဒဏ်ရာများရ

0
145

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ အနောက်ပေါက်လမ်းထိပ်၊ ဗိုလ်ချုပ်လမ်းမပေါ်တွင် ဖေဖော်ဝါရီ (၁၂) ရက်၊ ညနေ (၅)နာရီခွဲအချိန်ခန့်က
ကားတစ်စီးမှ ဆိုင်ကယ်သမားအား ဝင်တိုက်မိသည့်အတွက် ဆိုင်ကယ်မောင်းနှင်လာသူ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)မှ သိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားမှာ ခြေထောက်ကွဲ သွေးထွက်ဒဏ်ရာများရနေသဖြင့် လိုအပ်သည့် မြေပြင်အရေးပေါ် ကုသမှုများ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဒဏ်ရာရသူ အမျိုးသားအား ဆေးကုသမှုခံယူရန် ပြည်မြို့ ကုတင် (၅၀၀) ဆေးရုံကြီး အရေးပေါ်ဌာနသို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်) ပရဟိတပါရမီမှ အ ရေးပေါ်ယာဉ်ဖြင့် ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်တွင် ဆိုင်ကယ်အား ဝင်ရောက်တိုက်မိခဲ့သည့် ကားသမားမှာ ကားအားမောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်းမြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်) ထံမှ သိရသည်။

ထို့အပြင် ပြည်မြို- အောင်လံကားလမ်းမပေါ် နဖားအင်းရွာအနီးတွင် ဖေဖော်ဝါရီ (၁၁)ရက်၊ ည (၇) နာရီခွဲအချိန်ခန့်ကလည်း ကားနှင့် ဆိုင်ကယ်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူ အမျိုးသားမှာ ဆေးရုံအရောက်တွင် အသက်ဆုံးရှုံးမှုတစ်ခုဖြစ်ပွားခဲ့သေးကြောင်း ဒေသတွင်း သတင်းများအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here