စားအုန်းဆီရည်ညွှန်းဈေး ထပ်မံကျဆင်းလာ

0
129

ယခုတစ်ပါတ်တွင်လည်း စားအုန်းဆီရည်ညွှန်းဈေး ၁၀၀ ကျော်ထပ်မံဆင်းလာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

စားအုန်းဆီဈေးနှုန်းသည် ဈေးကွက်အတွင်း၌ သုံးပတ်ဆက်တိုက် မြင့်တက်နေရာမှ ပြီးခဲ့သည့် တစ်ပါတ်တွင်စတင်ကျဆင်းလာခဲ့ပြီး ယခုတစ်ပါတ်တွင်လည်းတစ်ပိဿာ ၁၃၅ ကျပ် ကျဆင်းလာကြောင်း သိရသည်။

ယခုတစ်ပါတ်အတွက် စားအုန်းဆီ အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ ၅၁၄၀ ကျပ်သတ်မှတ်ထားပြီး ပြီးခဲ့သည့် တစ်ပါတ်တွင် ၅၂၇၅ ကျပ်သတ်မှတ်ထားကြော င်း သိရသည်။

လက်ရှိ လက်လီခွဲတမ်းရောင်းချမှုတွင် စားအုန်းဆီအရော င်း ဆိုင်များအနေဖြင့် တစ်ပိဿာ ကျပ် ၆,၄၀၀ မှ ၆,၅၀၀ ကျပ်နှုန်း ရောင်းချနေပြီး ၁၀ ပိဿာပုံးဈေး အမြင့်ဆုံး ကျပ် ၇၀,၀၀၀ စွန်းစွန်းအထိ ဈေးသတ်မှတ်ရောင်းချနေကြော င်း သိရသည်။

ပြည်တွင်း၌ စားအုန်းဆီလိုအပ်ချက်မှာ နှစ်စဉ် ၁ သန်းခန့်ရှိပြီး နှစ်စဉ်တန်ချိန် ၆ သိန်းမှ ၇ သိန်း ကြားကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ တင်သွင်းလျက်ရှိကာ စားအုန်းဆီအတွက် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်းပေါင်း ၈၀၀ ခန့် သုံးစွဲနေရကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here