ပြည်တွင်း ရွှေစျေးအနည်းငယ် ပြန်ကျသော်လည်း (၃၈) သိန်းခွဲ အထက်တွင်သာ ဆက်ရှိနေ

0
130

ဖေဖေါ်ဝါရီ လဆန်းပိုင်းမှစ၍ တက်ရိပ်ပြခဲ့သော ပြည်တွင်းရွှေဈေးနှုန်းသည် ယနေ့ ဖေဖေါ်ဝါရီ (၁၃) ရက် နံနက်ပိုင်းတွင် အနည်းငယ် ပြန်လည် ကျဆင်းခဲ့ကြောင်း သိရသည်။

ဖေဖေါ်ဝါရီ (၁) ရက်မှစ၍ တစ်ကျပ်သား (၃၈) သိန်းကျော်ဖြင့် တက်ရိပ်ပြလာသည့် အခေါက်ရွှေဈေးနှုန်းမှာ ယမန်နေ့က (၃၈) သိန်း (၈) သောင်းသို့ ရောက်ရှိခဲ့ပြီး ယနေ့ နံနက်တွင် (၃၈) သိန်း (၇) သောင်းသို့ ပြန်လည်ကျဆင်းခဲ့ကြောင်း ပြင်ပရွှေဈေးကွက်အတွင်းမှ သိရသည်။

ယင်းသို့ ဈေးအကျပြခဲ့သော်လည်း (၃၈) သိန်းခွဲအထက်တွင်သာရှိနေပြီး အရောင်းအဝယ်မှာလည်း အေးနေဆဲဖြစ်ကြောင်း ရန်ကုန် ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ဖေဖေါ်ဝါရီ (၁၁) ရက် ညနေပိုင်းအထိ တစ်ကျပ်သား (၃၈) သိန်း (၅) သောင်း သာရှိခဲ့သည့် ပြည်တွင်းအခေါက်ရွှေဈေးနှုန်းမှာ ဖေဖေါ်ဝါရီ (၁၂) ရက် နံနက်တွင် (၃၈) သိန်း(၇) နှင့် ညနေပိုင်းတွင် (၃၈) သိန်း(၈) သောင်းသို့ မြင့်တက်လာခြင်းဖြစ်သည်။

ယင်းသို့ မြင့်တက်ခဲ့ရာမှ ယနေ့ ဖေဖေါ်ဝါရီ(၁၃) ရက် နံနက်ပိုင်းတွင် (၃၈) သိန်း (၇) သောင်းသို့ ပြန်လည်ကျဆင်းခဲ့ခြင်းလည်း ဖြစ်သည်။

ယနေ့ အမေရိကန်ဒေါ်လာဈေးနှုန်းမှာလည်း ယမန်နေ့က တစ်ဒေါ်လာ ၃၅၇၀ ကျပ်သို့ တက်ရိပ်ပြခဲ့ရာမှ ယနေ့ နံနက်ပိုင်းတွင် တစ်ဒေါ်လာ ၃၅၁၀ ကျပ်သို့ ပြန်လည်ကျဆင်းခဲ့ကြော င်း ဈေးကွက်အတွင်းမှ သိရသည်။

ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်သည့် ယနေ့ ရည်ညွန်းစျေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သားလျှင် ၃,၆၃၀,၆၀၀ ကျပ် ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here