တရုတ်နိုင်ငံသို့ မြန်မာ့တစ်သျှူးငှက်ပျော တန်ချိန် (၄) သိန်းကျော်တင်ပို့ထား

0
205

ကချင်ပြည်နယ်မှ စိုက်ပျိုးထွက်ရှိသည့်  မြန်မာ့တစ်သျှူးငှက်ပျောကို တရုတ်နိုင်ငံသို့ တန်ချိန် ၄ သိန်းကျော်တင်ပို့ထားကြောင်း ကချင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၏ ဧပြီလမှ ဇန်နဝါရီလကုန်အထိ ကံပိုင်တည်နှင့် လွယ်ဂျယ်နယ်စပ် ကုန်သွယ်ရေးဂိတ်များမှတစ်ဆင့် တရုတ်နိုင်ငံသို့ တစ်သျှူးငှက်ပျောတန်ချိန် ၄၀၂ ,၁၉၁ တန် တင်ပို့ထားခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ယခုနှစ်တွင်ပိုမိုတင်ပို့နိုင်ခဲ့ပြီး လက်ရှိတွင် ကချင်ပြည်နယ် စိုက်ပျိုးရေး ဦးစီးဌာန၌ တရုတ်နိုင်ငံသို့  တစ်သျှူးငှက်ပျောတင်ပို့ရန်  မှတ်ပုံတင်ထားသည့်  ကုမ္ပဏီ (၃၂) ခုရှိသည်။

တစ်သျှူးငှက်ပျောကို ကချင်ပြည်နယ်အတွင်း ဧကခြောက်သောင်းကျော်  စိုက်ပျိုးလျက်ရှိပြီး ကချင်ပြည်နယ်ရှိ မိုးမောက်မြို့နယ်၊ မံစီမြို့နယ်၊ ရွှေကူမြို့နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ငါးအိုးမြို့နယ်တို့၌ အများဆုံး စိုက်ပျိုးနေခြင်းဖြစ်သည်။

ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့တင်ပို့ခဲ့သည့် ပို့ကုန်အမယ်များအနက် တစ်သျူးငှက်ပျောတင်ပို့မှုသည် အများဆုံးဖြစ်ပြီး ငှက်ပျောသီး (ရိုးရိုး) ကို မြန်မာ-ထိုင်းနယ်စပ်မှ အများဆုံးတင်ပို့လျက်ရှိကြောင်း သိရသည်။ မြန်မာ – တရုတ်ကုန်သွယ်မှုတွင် သစ်သီးဝလံ (၈)မျိုးကိုသာ တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှု အာဏာ ပိုင်အဖွဲ့ (GACC) ၏ ခွင့်ပြုချက်ဖြင့်တရားဝင်တင်ပို့ခွင့်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here