စစ်မှုထမ်း ဥပဒေကြောင့် ပြည်ပထွက် အလုပ်လုပ်ရန် ပြင်ဆင်သူများအကြား ဂယက်ရိုက်ခက်

0
245

ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်ကြောင်း ထုတ်ပြန်မှုကြောင့် ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ပြင်ဆင်နေသူများအကြား ဂယက်ရိုက်ခက်နေကြောင်း သိရသည်။

အများစုသည် ဂျပန်နှင့် ကိုရီးယားနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်ရန် ပြင်ဆင်နေကြသူများဖြစ်ပြီး ပြည်ပထွက် အလုပ်လုပ်ကိုင်ရန် ပြင်ဆင်မှုများ ရပ်နားရတော့မည်အခြေအနေမျိုးဖြစ်နေကာ လမ်းစပျောက်နေပြီဟု ပြောဆိုမှုများရှိလာကြောင်း သိရသည်။

“အခုဆိုရင် ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင်မသိတော့ဘူး။ လမ်းတွေပျောက်နေပြီ”ဟု ပြည်ပသို့  သွားရောက်လုပ်ကိုင်မည့်သူတစ်ဦးကပြောသည်။

ဥပဒေအရ အသက် (၁၈)နှစ် ပြည့်ပြီးသူ အမျိုးသား၊ အမျိုးသမီးများကို စစ်မှုထမ်းရန် (၂) နှစ် ဆင့်ခေါ်နိုင်ပြီး လိုအပ်ပါက (၅) နှစ်အထိ တိုးမြှင့်နိုင်ကြောင်း သိရသည်။

အမျိုးသားဖြစ်ပါက အသက် (၁၈) နှစ်မှ (၃၅) နှစ်အတွင်း၊ အမျိုးသမီးဖြစ်ပါက အသက် (၁၈) နှစ်မှ (၂၇) နှစ်အတွင်း သတ်မှတ်ထားပြီး ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုတက်မြောက်သူ (သို့မဟုတ်) အတက်ပညာတစ်ရပ်ရပ်ဖြင့် အသက်မွေးဝမ်းကျောင်းနေသူများတွင် အမျိုးသားဖြစ်ပါက (၄၅)နှစ်အထိ၊  အမျိုးသမီးဖြစ်ပါက (၃၅) နှစ်ထိ ပါဝင်သည်။

စစ်မှုထမ်း ဥပဒေကြောင့် ဖြစ်ပေါ်လာနိုင်မည့် အခြေအနေများကို အလုပ်သမားများမှ မေးမြန်းစုံစမ်းကြသော်လည်း မိမိတို့အနေဖြင့် တိကျရေရာသည့် အဖြေပေးနိုင်ခြင်းမရှိသေးကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခု၏ ပြောပြချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here