ပြင်ဦးလွင်တွင် အမျိုးသား (၄)ဦးထံမှ ငွေကျပ်သိန်း ၂၇၀၀ ​ကျော်တန်ဖိုးရှိ Happy Water များ ဖမ်းဆီးရမိ

0
201

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် အမျိုးသား (၄)ဦးထံမှ ငွေကျပ် (၂၇၅၇) ဒသမ (၆) သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး Happy Water များ ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထဲမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပင်လိန်ကျေးရွာအုပ်စု၊ ပွဲကောက်ကျေးရွာအနီးတွင် ဖေဖော်ဝါရီ(၁၀) ရက် နေ့လယ် (၃)နာရီခွဲခန့်အချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နန်းဝင်းကျော် မောင်းနှင်ပြီး နိုင်လင်းထွန်း လိုက်ပါလာသည့် TOYOTA IPSUM အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေခဲ့ကြောင်း သိရသည်။ 

ထိုသို့ ရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ပြောင်းဆေးဝါး Happy Water ၂ ဒသမ ၂၉၈ ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အနေဖြင့် ညနေ (၆)နာရီ (၄၅)မိနစ်အချိန်က ချမ်းမြသာစည်မြို့နယ်၊ ၁၀၁ လမ်းနှင့် ၆၃ လမ်းထောင့်တွင် ထိန်လင်းအောင် (ခ)ရန်ပီဖူးအား မော်တော်ဆိုင်ကယ်တစ်စီးနှင့် လည်းကောင်း၊ ဖေဖော်ဝါရီ (၁၁) ရက်၊ နံနက် (၈)နာရီအချိန်ခန့်က မဟာအောင်မြေမြို့နယ်၊ ၆၅ လမ်းနှင့် ၄၃ လမ်းထောင့်တွင် လီရှင်းဖင်(ခ)
ထွန်းထွန်းအား BORGWARD အမျိုးအစား မော် တော်ယာဉ်တစ်စီးနှင့်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်အရ နန်းဝင်းကျော်(၃၁)နှစ်၊ နိုင်လင်းထွန်း(၃၆)နှစ်၊ ထိန်လင်းအောင်(ခ)ရန်ပီဖူး(၂၆)နှစ်နှင့် လီရှင်းဖင်(ခ)ထွန်းထွန်း(၃၁)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here