ထိုင်းမှာ မြန်မာလုပ်ငန်းရှင်တစ်ဦး သတ်ခံရမှုနဲ့ ဆက်နွယ်ပြီး စကော့လူမျိုးနှစ်ဦးကို ရဲတပ်ဖွဲ့ ရှာဖွေနေ

0
198

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ တိုက်ခန်းတစ်ခုမှာ ဖေဖော်ဝါရီ ၁၃ ရက်ညပိုင်းက စကော့လူမျိုးနှစ်ဦးဟာ သားဖြစ်သူကို သ-တ်ပြီး ငွေသား ဘတ် ၅ သန်းကို လုယူသွားခဲ့တယ်လို့ မြန်မာအမျိုးသမီးတစ်ဦးက စွပ်စွဲတိုင်တန်းလာတာကြောင့် ၎င်းတို့ကို ရဲက ရှာဖွေလျက်ရှိကြောင်း သိရပါတယ်။

သူကိုယ်တိုင်လည်း တိုက်ခိုက်ခြင်းခံခဲ့ရတဲ့ အမျိုးသမီးက Lumpini ရဲဋ္ဌာနကို ပြောဆိုရာမှာ သားဖြစ်သူနဲ့ စကော့လူမျိုးနှစ်ဦးဟာ ငွေလဲလှယ်မှုလုပ်ငန်းတစ်ခုမှာ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ၎င်းတို့နှစ်ဦးဟာ ၂၃ လွှာမှာရှိတဲ့ သားဖြစ်သူရဲ့ တိုက်ခန်းကို ရောက်ရှိလာပြီးနောက် သူမတို့သားအမိနှစ်ဦးစလုံးကို တိုက်ခိုက်ခဲ့ကြပြီး သူမဟာ ရိုက်နှက်ခံရမှုကြောင့် သတိလစ်သွားခဲ့တယ်လို့ ဆိုပါတယ်။

သူ သတိပြန်ရလာချိန်မှာတော့ သားဖြစ်သူဟာ ကြမ်းပြင်က သွေးအိုင်ထဲမှာ သေဆုံးလျက်ရှိနေတာကို တွေ့ခဲ့ရတယ်လို့ သူမက ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် မီးခံသေတ္တာထဲ သိမ်းဆည်းထားတဲ့ ဘတ်ငွေ ၅ သန်းဟာလည်း ပျောက်ဆုံးနေခဲ့တယ်လို့ ဆိုခဲ့ပါတယ်။

သံသယရှိသူနှစ်ဦးအတွက် ဖမ်းဝရမ်း မရသေးခင်မှာ အခင်း ဖြစ် တိုက်ခန်းအဆောက်အအုံနဲ့ အနီးဝန်းကျင် ဧရိယာက CCTV မှတ်တမ်းတွေ ရရှိရေး သူတို့ လုပ်ဆောင်နေတယ်လို့ Lumpini ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။

လူသတ်မှုဖြစ်ရတဲ့ အကြောင်း ရင်းကို သူတို့အနေနဲ့ ကောက်ချက်ချလို့ မရသေးဘူးလို့လည်း ရဲတပ်ဖွဲ့က ပြောဆိုခဲ့ပါတယ်။

Ref: Thai PBS World


LEAVE A REPLY

Please enter your comment!
Please enter your name here