အီဂျစ်မှာ ကုန်ကားတစ်စီးက ခရီးသည်တင်ယာဉ်တွေကို ဝင်တိုက်ခဲ့တာကြောင့် လူ ၁၅ ဦး ထက်မနည်း သေဆုံး 

0
140

အီဂျစ်နိုင်ငံရဲ့ မြေထဲပင်လယ် ဒေသ ပြည်နယ်တစ်ခုဖြစ်တဲ့ အလက်ဇန္ဒြီးယားမှာ ကုန်တင်ထရပ်ကားတစ်စီးက ခရီးသည်တင်ယာဉ်များစွာကို ဝင်တိုက်ခဲ့တာကြောင့် သေဆုံးသူ ၁၅ ဦးထက်မနည်း ရှိခဲ့တယ်လို့ အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့(ဖေဖော်ဝါရီ ၁၄) မှာ ပြောဆိုပါတယ်။ 

ပြည်နယ်အနောက်ပိုင်း အမ်မရီယာမြို့မှာ အင်္ဂါနေ့က ဖြစ်ခဲ့တဲ့ ယင်း ယာဉ်တိုက်မှုအတွင်း နောက်ထပ် လူ ၈ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ 

ထရပ်ကားဟာ ခရီးသည်တင် မိုက်ခရိုဘတ်စ်လေးစီးကို ဝင်တိုက်ခဲ့တာဖြစ်တယ်လို့ ရဲသတင်းအစီရင်ခံချက်မှာ ဖော်ပြခဲ့ပြီး မိုက်ခရိုဘတ်စ်တစ်စီး တိမ်းမှောက်ပက်လက်လန်သွားခဲ့သလို တစ်စီးက မီးစွဲလောင်ခဲ့တယ်လို့ ဆိုပါတယ်။ အခင်းဖြစ်နေရာကို အရေးပေါ် လူနာတင်ယာဉ်တွေ ရောက်ရှိလာခဲ့ပြီး ဒဏ်ရာရသူတွေကို ဆေးရုံတွေဆီ ပို့ဆောင်ပေးခဲ့ကြတယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။ 

သယ်ယူပို့ဆောင်ရေး ဘေးကင်းလုံခြုံမှုဆိုင်ရာ မှတ်တမ်းဆိုးတွေရှိနေတဲ့ အီဂျစ်နိုင်ငံမှာ ယာဉ်မတော်တဆမှုတွေကြောင့် နှစ်စဉ် လူထောင်ချီ သေဆုံးရမှု ရှိနေကြောင်း သိရပါတယ်။ အရှိန်မြှင့်မောင်းနှင်မှုတွေ၊ ကားလမ်းတွေ ဆိုးဝါးညံ့ဖျင်းတာတွေနဲ့ ယာဉ်စည်းကမ်းဥပဒေတွေ ထိရောက်မှု အားနည်းတာတွေကြောင့် ယာဉ်တိမ်းမှောက်မှု၊ ယာဉ်တိုက်မှုတွေ မကြာခဏဆိုသလို ဖြစ်ပွားလေ့ရှိပါတယ်။  

Ref: ABC News


LEAVE A REPLY

Please enter your comment!
Please enter your name here