အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်ရမှုရှိသည်ဆိုသော TikTok မှာ ဘိုင်ဒင်ရဲ့ မဲဆွယ်အဖွဲ့ အကောင့်ဖွင့် မဲဆွယ်မှုလုပ်လာ

0
160

အမျိုုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်ရမှုရှိတယ်လို့ သူကိုယ်တိုင် ထုတ်ဖော်ပြောဆိုထားတဲ့ လူမှုကွန်ရက် ပလက်ဖောင်းတစ်ခုဖြစ်သလို ဖက်ဒရယ်အစိုးရ တရားဝင်အသုံးပြုနေသော အီလက်ထရောနစ် စက်ပစ္စည်းတွေမှာ အသုံးပြုခွင့် ပိတ်ပင်ထားခဲ့တဲ့ TikTok ပေါ်မှာ ယခုအခါ သမ္မတ ဂျိုုးဘိုင်ဒင်ရဲ့ မဲဆွယ်အဖွဲ့ အကောင့်တစ်ခု ထွက်ပေါ်လာကြောင်း သိရပါတယ်။

ဘိုင်ဒင် အနေနဲ့ရော သူ့အစိုးရအဖွဲ့က အခြား အရာရှိတွေပါ TikTok ပလက်ဖောင်းကို ကိုယ်တိုင်ကိုယ်ကျ အသုံးပြုဖို့ မမျှော်လင့်ထားဘူးလို့ သူ့ရဲ့ လက်ထောက်တွေက ပြောဆိုပါတယ်။ အကွဲကွဲအပြားပြားရှိနေသော အမေရိကန် လူထုအတွင်း အထူးသဖြင့် သမားရိုးကျ အစဉ်အလာ ပလက်ဖောင်းတွေကနေ ကင်းကွာနေတဲ့ လူငယ်မဲဆန္ဒရှင်တွေနဲ့ ထိတွေ့နိုင်ရေး ကြိုးပမ်းချက်မှာ အဆိုပါ အကောင့်ကို မဲဆွယ်အဖွဲ့က လုံးလုံးလျားလျား စီမံကိုင်တွယ်သွားမှာဖြစ်ပါတယ်။

အကောင့်ရဲ့ အဖွင့်ပို့စ်မှာ အမေရိကန် ဘောလုံးအားကစားတစ်ခုဖြစ်တဲ့ Super Bowl မှာ သမ္မတ ညဏ်စမ်း ပဟေဠိ ဖြေဆိုနေပုံကို ဖော်ပြထားပြီး နောက်ဆုံးပေါ် နိုင်ငံရေးမဲဆွယ်နည်းလမ်းမှာ ဂီတစူပါစတား တေလာဆွစ်ကို ရည်ညွှန်းထားတဲ့အကြောင်းအရာ ပါဝင်ခဲ့ပါတယ်။

FBI နဲ့ ဖက်ဒရယ် ဆက်သွယ်ရေးကော်မရှင်နှစ်ဖွဲ့လုံးက TikTok ရဲ့ မိခင်ကုမ္ပဏီ ByteDance ဟာ သုံးစွဲသူတွေရဲ့ ရှာဖွေမှုမှတ်တမ်း၊ တည်နေရာနဲ့ biometric ကိုယ်ရေးအချက်အလက်တွေလိုမျိုး သုံးစွဲသူ အချက်အလက်တွေကို တရုတ်အစိုးရနဲ့ မျှဝေမှုရှိနိုင်တယ်လို့ သတိပေးထားခဲ့တာပါ။

အရေအတွက် ၄ သန်းနီးပါးသော ဖက်ဒရယ်အစိုးရဝန်ထမ်းတွေအနေနဲ့ ဋ္ဌာနဆိုင်ရာတွေရဲ့ အီလက်ထရွန်းနစ် စက်ပစ္စည်းတွေပေါ်မှာ TikTok ကို အသုံးမပြုကြဖို့ ၂၀၂၂ ခုနှစ်မှာ ဘိုင်ဒင်က ပိတ်ပင်တားမြစ်ခဲ့ပြီး ဥပဒေစိုးမိုးရေး၊ အမျိုးသားလုံခြုံရေးနဲ့ လုံခြုံရေးဆိုင်ရာ သုတေသန ဆောင်ရွက်ချက်တွေအတွက် ခြွင်းချက်အကန့်အသတ်ပေးခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ လျှို့ဝှက်ပြီး သြဇာကြီးတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကော်မတီက အဆိုပါ app ကို နှစ်များစွာ ပြန်လည်သုံးသပ်နေခဲ့တာဖြစ်ပါတယ်။

မဲဆွယ်အဖွဲ့ကတော့ သူတို့အနေနဲ့ လုံခြုံရေးဆိုင်ရာ ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်နေပြီး လုံခြုံရေးဆိုင်ရာ ပရိုတိုကောလ်တွေကို ပေါင်းစပ်ထည့်သွင်းထားတယ်ဆိုပေမယ့် အစီအမံအသေးစိတ်ကို ၎င်းတို့က ဖော်ပြထားခြင်းမရှိဘဲ သို့မဟုတ် မဲဆွယ်စည်းရုံးမှု ဒေတာနဲ့ မဲဆန္ဒရှင်တွေကို အကာအကွယ်ပေးမယ့် အစီအမံတွေနဲ့ ပတ်သက်လို့ အချက်အလက်တွေ ပေးမထားခဲ့ပါဘူး။

BidenHQ အကောင့်ဟာ ပလက်ဖောင်းပေါ်မှာ အကြောင်းအရာတွေကို ပုံမှန်တင်သွားမှာဖြစ်တယ်လို့ ဘိုင်ဒင်ရဲ့ မဲဆွယ်အဖွဲ့က ပြောဆိုပါတယ်။

ဘိုင်ဒင်ရဲ့ မဲဆွယ်အဖွဲ့ဟာ Meta ကုမ္ပဏီရဲ့ Threads၊ Instagram၊ Facebook၊ X လူမှုကွန်ရက်တွေနဲ့ ရီပတ်ဘလီကန် သမ္မတလောင်းအဖြစ် တစ်ပြေးနေတဲ့ ဒေါ်နယ်ထရန့် ကျောထောက် နောက်ခံပြုထားသော Truth Social လူမှုကွန်ရက်မှာလည်း အကောင့်တွေရှိနေခဲ့တာဖြစ်ပါတယ်။

Ref: ABC


LEAVE A REPLY

Please enter your comment!
Please enter your name here