ပြိုင်ဘက်တွေက လက်မခံသေးပေမယ့် အင်ဒိုနီးရှား ပြည်သူအားလုံးရဲ့ သမ္မတ ဖြစ်စေရမယ်လို့ ပရာဘိုဝို ကတိပြု

0
358

ဗုဒ္ဓဟူးနေ့ ရွေးကောက်ပွဲမှာ မဲရုံတွေ ပိတ်လိုက်အပြီး နာရီပိုင်းအကြာမှာပဲ သူ အနိုင်ရခဲ့တယ်လို့ အခိုင်အမာဆိုခဲ့တဲ့ သမ္မလောင်းနဲ့ ကာကွယ်ရေးဝန်ကြီးဖြစ်သူ ပရာဘိုဝို ဆူဘီယန်တိုက အင်ဒိုနီးရှားနိုင်ငံသားလုံးကို စောင့်ရှောက်ကာကွယ် ဦးဆောင်မှုပေးသွားမှာဖြစ်တယ်လို့ ကတိပြုခဲ့ပါတယ်။ ကနဦး မဲရေတွက်မှုတွေအရ သူဟာ ဆန္ဒမဲ ၆၀ ရာခိုင်နှုန်းနီးပါး အနိုင်ရနေတယ်လို့ သိရပါတယ်။

သူ့ရဲ့ ဒု-သမ္မတလောင်း(လက်ရှိသမ္မတ ဂျိုကိုဝီဒိုဒို၏ သား) ဖြစ်သူ ဂျီဘရန်း ရာကာဘူမင် ရာကာနဲ့အတူ တိုင်းပြည်ကို နောက်တစ်ကြိမ် စည်းလုံးညီညွတ်အောင်လုပ်ဆောင်သွားမှာဖြစ်ပြီး “ဒီအောင်ပွဲဟာ အင်ဒိုနီးရှား ပြည်သူတွေအားလုံးရဲ့ အောင်ပွဲဖြစ်ပါတယ်” လို့ သူက ပြောဆိုခဲ့ပါတယ်။

“ကျွန်တော်တို့ဟာ အင်ဒိုနီးရှား ပြည်သူအားလုံးအတွက် သမ္မတ၊ ဒုသမ္မတတွေ ဖြစ်စေရမယ်” လို့ အားကစားကွင်းတစ်ခုအတွင်း တက်ရောက်လာတဲ့ ထောင်ချီသော ထောက်ခံသူတွေကို သူက ကြေညာခဲ့ပါတယ်။ ဒါ့အပြင် အင်ဒိုနီးရှားရဲ့ အကောင်းဆုံး လူပုဂ္ဂိုလ်တွေပါဝင်တဲ့ အစိုးရအဖွဲ့ ဖွဲ့စည်းသွားမယ်လို့လည်း သူက ဆိုခဲ့ပါတယ်။

ကနဦး မဲရေတွက်မှုတွေအရ ပရာဘိုဟာ အရေအတွက် ၅၈ ရာခိုင်နှုန်းနဲ့ ဦးဆောင်နေပြီး ပြိုင်ဘက်တွေဖြစ်တဲ့ မစ္စတာ အန်နစ္စ ဘာဆွီဒင်က ဆန္ဒမဲ ၂၅ ရာခိုင်နှုန်း၊ မစ္စတာ ဂန်ဂျာ ပရာနိုဝိုက ၁၆ ရာခိုင်နှုန်းခန့်ရရှိထားခဲ့တယ်လို့ သိရပါတယ်။

မစ္စတာ အန်နစ္စနဲ့ မစ္စတာ ဂန်ဂျာတို့ကတော့ ရှုံးနိမ့်မှုကို လက်ခံကြခြင်း မရှိသေးဘဲ ရွေးကောက်ပွဲမှာ အလိမ်အညာတွေ ရှိနေတယ်ဆိုတဲ့ အစီရင်ခံချက်တွေကို ထောက်ပြနေကြကြောင်း သိရပါတယ်။

Ref: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here